ကုလားတန်မြစ်အတွင်းသွားလာသည့် စက်လေှများအား ကျောက်တော်မြို့နယ် ရေပြည်ရွာ၌သာ ကမ်းရမည်ဖြစ်ကြောင်း AA မှ ပြောကြား

ရခိုင်ပြည်ကျောက်အထက်ပိုင် မြစ်ရိုးတစ်လျှောက်သွားနေသောစက်လှေများအား ယခုအပတ်အတွင်းမှစ၍ ရွှေပြည်ရွာ၌သာ ကမ်းကပ်ရမည်ဖြစ်ဖြစ်ပြီး ကျောက်တော်သို့ စက်လှေများဖြင့် ဆက်လက်သွားခွင့်မပြုဘဲ ရွှေပြည်မှသာ ကုန်လမ်းအတိုင်းသွားရမည်ဖြစ်ကြောင်း ရွှေပြည်ရွာ မြစ်ကမ်းတွင် AA အဖွဲ့က စက်လှေသမားများကို လာရောက်ပြောကြားခဲ့သည်။

ကုလားတန်မြစ်အထက်ပိုင်းမှ လာရောက်သည့်စက်လှေများအား ရွှေပြည်မှသာ ကုန်ပစ္စည်းအတင်အချပြုလုပ်ရမည်ဖြစ်ကြောင်း ရွှေပြည်မှ ကျောက်တော်သို့ ကုန်ပစ္စည်း/ခရီးသည်သွားလာခွင့်မပြုပဲ စက်လှေအခွံသာ သွားရမည်ဖြစ်ကြောင်း AA အဖွဲ့မှ စာရေးဟု ခေါ်သောလူငယ်က စက်လှေသမားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပလက်ကနေ ကျောင်တော်ထိသွားနေတာ အဆင်ပြေပါတယ်၊ ဒါကိုသူတို့က ရွှေပြည်ကနေ ကျောက်တော်ကို ကား/ဆိုင်ကယ် ငှားသွားခိုင်းတာပေါ့ ဈေးသည်တွေမှာ စရိတ်ပိုကုန်တယ်၊ အမျိုးသမီးတွေသွားရတာစိတ်မချဘူး၊ သူတို့စခန်းတွေကနေပတ်ပြီးသွားရတာ၊ သူတို့က လွယ်တာကို ခက်အောင်လုပ်နေကြတယ်၊ ပြည်သူတွေအတွက်ပြောပြီး ပြည်သူတွေဒုက္ခရောက်အောင်လုပ်နေတယ်၊ အခုလိုဆိုတော့ လမ်းမှာ ဂိတ်ကြေးတွေနဲ့ ကယ်ရီငှားတာတွေမှာ သူတို့က ပိုက်ဆံရတာပေါ့” ဆိုပြီး ကုလားတန်မြစ်အတွင်း သွားနေသူတစ်ဦးက စိတ်ပျက်စွာပြောကြားခဲ့သည်။

AA ၏ ပြောကြားမှုကြောင့် ပလက်ဝမြို့ဈေးရောင်းပွဲတော် ကုန်ပစ္စည်းများ ဝယ်ယူရန် အခက်အခဲဖြစ်နေပြီး ဒေသခံများလည်း စိုးရိမ်မှုမြင့်တက်နေသည်၊ ပြီးခဲ့တဲ့ ၅ ရက်နေ့တုန်းကလည်း ရွှေပြည်ကျေးရွာတွင် စစ်ဆေးမှုများကြောင့် စာမေးပွဲဖြေဆိုမည့် ဆရာမနှင့်ကျောင်းသူများ ရွှေပြည်တွင် ညအိပ်ခဲ့ရကြောင်း သိရှိရပြီး အပတ်စဉ် ကျောက်တော်-ပလက်ဝပြေးဆွဲပေးလျက်ရှိသော ရေနယား ဇက်ရေယာဉ်မှာလည်း ယခုထုတ်ပြန်မှုကြောင့် လုံခြုံရေးအခြေအနေအရ သွားမှု ရပ်နားထားကြောင်း သိရှိရသည်။

#ရခိုင်နေ့စဉ်

Post a Comment

Previous Post Next Post