ပလက်ဝမြို့၊ ခဝဲရွာရှိရွာသားများအား AA အဖွဲ့မှ မောင်းထုတ်၊ ရွာသားများ မထွက်ပေး၍ ရွာအား လက်နက်ကြီးများဖြင့် ပစ်ထည့်

 ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ပလက်ဝမြို့၊ ခဝဲရွာရှိရွာသားများအား AA အဖွဲ့မှ မောင်းထုတ်နေပြီး၊ ရွာသားများ မထွက်ပေး၍ ရွာအား လက်နက်ကြီးများဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့မှစပြီး ပစ်ထည့်နေကြောင်း ကျေးရွာသားများထံမှ သိရှိရသည်။

  “ သူတို့က အဘောင်သာရွာဖျက်ခဲ့သလို ဖျက်ချင်နေကျတာ၊ အဘောင်သာရွာတုန်းကဆိုလည်း စစ်ဖြစ်တော့မယ် ထိရင်တာဝန်မယူဘူး ဆိုပြီး ဘာပစ္စည်းမှ မယူခိုင်းဘဲပြေးခိုင်းတယ်၊ ရွာကသူတွေသွားတဲ့အချိန် ရွာကအိမ်တွေမှာတက်နေတယ်၊ ကျနော်တို့လူမျိုးတွေ အနှစ်နှစ်အလလ စုဆောင်းခဲ့တဲ့ဟာတွေအကုန် သူတို့ယူသွားကျတယ်၊ ယူပြီးတဲ့အဆုံး အစိုးရစစ်တပ်က တိုက်လို့ရွာပြာကျတယ်ဆိုပြီး ရွာကိုမီးတင်ရှို့ကျတယ်၊ ကျနော်တောင် ပစ္စည်းရဦးမလားဆိုပြီးရွာကိုသွားရင်း ရွာကိုမဝင်ရဲလို့ အဝေးကနေလှည့်ပြန်ခဲ့ရတယ်၊ သူတို့ရခိုင်ရွာတွေကျတော့မလုပ်ဘူး၊ ကျနော်တို့ချင်းရွာတွေပဲ လုပ်တာ” ဟု အဘောင်သာရွာမှနေ၍ ခဝဲကျေးရွာသို့ပြောင်းရွေ့နေထိုင်သောသူတစ်ဦးထံမှ သိရသည်။

  ၎င်းမှ သူတို့(AA အဖွဲ့)တွေဒီရွာကလူတွေကို မောင်းထုတ်တာက ၅ ရက်နေ့တည်းကမောင်းထုတ်နေတာ၊ အခုဒီရွာမှာက နှစ်ရွာတစ်ရွာပေါင်းနေ ရတာဆိုတော့ မဖယ်နိုင်ကျတော့ဘူးလေ၊ အခုသူတို့မောင်းထုတ်လို့မရတော့ အဘောင်သာရွာဘက်ကနေ လက်နက်ကြီးတွေနဲ့လှမ်းထုနေတယ်ဟု ဆက်လက်ပြောဆိုသည်။

  ခဝဲရွာတွင် အိမ်ခြေ (၉၈)လုံးရှိပြီး၊ ကျေးရွာသား ကျားမပေါင်း (၅၅၄)ဦးနေထိုင်ကြောင်းနှင့် AA မောင်းထုတ်မှုကြောင့် အဘောင်သာဘက်မှာ ထွက်ပြေးလာသူ ၂၀၀ နီးပါးနေထိုင်နေသော ရွာကြီးတစ်ရွာဖြစ်ကြောင်း သိရှိရသည်။
#MinChitOo
#MayYuHtarNay

Post a Comment

Previous Post Next Post