ဓာတ်ပုံံ - KNU ကွန်ဂရက်အစည်းအဝေးပြုလုပ်ပြီး ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်သူများ
"ကရင်ပြည်နယ်ငြိမ်းချမ်းဖို့" ခေါင်းစဥ်နဲ့ ဆောင်းပါးတိုတစ်ခု ရေးခဲ့ဖူးပါတယ်...
အခုလည်း ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အလားအလာ ဘယ်လိုရှိလဲဆိုတာ တင်ပြပေးချင်တဲ့ စိတ်ကလေး ပေါက်လာလို့ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး အကြောင်းလေး ရေးလိုက်ပါတယ်...
ကရင်ပြည်နယ်နယ်မှာ ငြိမ်းချမ်းစဥ်ကရော အခုလို တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာရော အဓိက ချုပ်ကိုင်ထားတာက KNU ဗဟိုပါပဲ...ကရင်ပြည်နယ် ငြိမ်းချမ်းဖို့ဆိုရင် အဓိကအကျဆုံးကတော့ ဗဟိုလို့ ပြောချင်တာပါ...
ဒါပေမယ့် လက်ရှိအခြေအနေအရ KNU ဗဟိုက အဓိကကျမနေတာတော့ အမှန်ပါ...ဗဟိုမှာ အမြင်မတူသူတွေ စုဖွဲ့ထားသလိုဖြစ်နေတယ်လို့ သိရတယ်...အရင်ခေတ်ကတည်းက ငြိမ်းချမ်းရေး ဗိသုကာပညာရှင်လို့ တင်စားခေါ်ဝေါ်ရမယ့်သူများဖြစ်တဲ့ အဖူး မူတူးစေးဖိုးနဲ့ ပဒိုရွှေမောင်းတို့လိုလူတွေ တပ်မဟာ (၆) က စာမီစေးဖိုးတို့လို အထင်ကရလူတွေမှာ Power သိပ်မရှိတော့ပါဘူး...
လက်ရှိ KNU ဗဟိုကိုချုပ်ကိုင်ထားတာက NUG နဲ့ အနောက်အုပ်စု(အုစုပ်) ရဲ့ ပေးကျွေးတာတွေနဲ့ စည်းစိမ်ရစ်မူးနေတဲ့ စောတောနီးနဲ့ တာဒိုးမူတို့မှာသာ အာဏာပါဝါ ပိုလို့ရှိနေပါတယ်...KNU ဥက္ကဌကြီး အဖူး မူတူးစေးဖိုး က ငြိမ်းချမ်းရေးလုပ်ငန်းစဥ် PPST ရဲ့ ဦးဆောင်နာယကအဖြစ် လက်ခက်ခဲ့ဖူးတာ မှတ်မိမှာပါ...
ဒါပေမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ ပယ်ဖျက်ပါတယ်ဆိုပြီး PPST အဖွဲ့ကို စာပြန်ထုတ်ခဲ့ပါတယ်...ဒီထုတ်ပြန်ချက်ကလည်း အဖူး မူတူးစေးဖိုးရဲ့ သဘောထားအမှန်မဟုတ်ပါဘူး...ခွေးအလိုကောင်တွေဖြစ်တဲ့ စောတောနီးနဲ့ တာဒိုးမူတို့ ကန့်ကွက်ခဲ့လို့ပဲ ထုတ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်...
ကရင်ပြည်နယ်မှာ စစ်မီးတွေတောက်နေတာတွေ၊ ကရင်ပြည်သူ/သားတွေ ဒုက္ခရောက်နေကြရတာတွေဟာ ဘယ်သူ့ကြောင့်လဲဆိုရင်တော့ ကြိုးကိုင်နေတဲ့ OIC၊ CIA နဲ့ NUG ရယ် ကိုယ်ကျိုးအတွက်လုပ်နေတဲ့ စောတောနီးနဲ့ တာဒိုးမူတို့ကြောင့်ပဲလို့ ပြောရမှာပါ...
ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဗိသုကာ ပညာရှင်တွေထက် တဘို့တည်း ကိုယ်ကျိုးသမားတွေ power ပိုရှိနေတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအလားအလာကတော့ ဆုတ်ယုတ်သထက် ဆုတ်ယုတ်ပြီး အနှုတ်လက္ခဏာပဲ ဆောင်နေဦးမှာဖြစ်ပါတယ်...
အခုလည်း ၁၇ ကြိမ်မြောက် KNU ကွန်ကရက် အစည်းအဝေးလုပ်တော့မယ်လို့ သိရပါတယ်...KNU ရဲ့ ကွန်ကရက်အစည်းအဝေးဆိုတာလည်း မကျင်းပနိုင်တာ ၂ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်...အခုချိန်မှ ကောက်ကာငင်ကာ ထလုပ်တယ်ဆိုတာတော့ စဥ်းစားစရာပါ...အဖူး မူတူးစေးဖိုးနဲ့ ပဒိုရွှေမောင်းတို့လို ခေါင်းဆောင်ကောင်းတွေ လွင့်ထွက်သွားနိုင်မယ့် အနေအထားရှိပါတယ်...KNU ဗဟိုမှာ အသစ်အသစ်တွေနဲ့ ဖွဲ့တော့မယ်လို့ ပြောခဲ့တဲ့အတွက် ဒီနေရာတွေမှာ တာဒိုးမူနဲ့ စောတောနီးတို့ နေရာဝင်ယူလာခဲ့ရင်တော့ ကရင်ပြည်နယ်ကြီးရဲ့ ငြိမ်းချမ်းရေးအလားအလာ ကတော့....
လင်းနေ
Post a Comment