ရွေးကောက်ပွဲ နှင့် မြန်မာနိုင်ငံရေးအလားလာ


ရွေးကောက်ပွဲ နှင့် ပတ်သက်၍
သုံးသပ်ကြည့်ရရင် နစက အစိုးရပြောသလို ရွေးကောက်ပွဲကို၂၀၂၃ ခုနှစ်ထဲမှာ ကျင်းပပြုလုပ်ပေးတယ်ပဲထားပါတော့ဗျာ။

ဒါပေမယ့် ရွေးကောက်ပွဲ
အောင်မြင်စွာ မကျငိးပနိုင်စေရန် နှောက်ယှက်ဟန့်တားမှု
ကြောင့် ရွေးကောက်ပွဲ
အထ မြောက်မအောင်မြင်ခဲ့ရင်
ဘာဖြစ်လာနိုင်မလည်းပေါ့။

တပ်မတော်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်သိမ်း
နိုင်လောက်တဲ့အထိတော့
လုပ်ဆောင်သွားမယ်မထင်ဘူးဗျ။

ဒီနေရာမှာ
စကားနဲနဲရိုင်းသွားရင်ခွင့်လွှတ်ပါဗျ မဖြစ်မနေသုံးရတဲ့စကားဖြစ်နေလို့ပါ။

မလိမ့် တစ်ပတ်နှင့်
နားလှည့်ပါးရိုက်ပြီးတော့
ခြေဥ ကိုဖျက်သိမ်းစရမလိုပဲ

နိုင်ငံတော်ရဲ့ယာယီ ဒုသမ္မတ 
ဦးမြင့်ဆွေ ထံကနေပြီး
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ
၁ ရက်နေ့ကလိုပဲ နိုင်ငံတော်၏
အရေးပေါ် အ​ခြေအနေ အရေးပေါ်ကာလ ကြေညာ
ခြင်းကို ဒုတိယ အကြိမ်အနေနဲ့
နံပတ်( ၁ )ကနေပြီး ပြန်စကြေငြာ
လိုက်ရုံပါပဲ။

ဒုတိယ အကြိမ်အနေနဲ့
နိုငိငံတော်ကိုအရေးပေါ်
အခြေနေ တစ်နှစ် ပြန်လည်
ကြေညာလိုက်တယ်ပေါ့။

ထိုအခ​ျိန်မှတော့
ဝေဖန်ကဲ့ရဲ့မှုဆိုတာ
၇ရက်ထက်မပိုပါဘူး
ချီးမွန်း ၇ရက် ကဲ့ရဲ့ ၇ရက်
ဆိုသလို လေထဲပျောက်ကွယ်
သွားပါလိမ့်မယ်။

ဒီလိုလုပ်လို့ရတယ်ဆိုတာ
ကိုထောက်ပြလိုက်တာပါ။

အာ့သလိုဆိုရင်
နစက ကောင်စီလည်း

အမည်တစ်ခုပြောင်းလဲ
ဖွဲ့စည်းသွားနိုင်ပါတယ်။

နောက်တစ်ခုက
ခြေဥ ကိုအပြီးတိုင်
မဖျက်သိမ်းပဲ 
၂၀၀၈ခု နှစ်ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ထဲကနေ ကောက်နှုတ်ပြီး
ယာယီ ဥပဒေ တစ်ခုကိုပြင်ဆင်ပြီး နိုငိငံတော်ကို
ဆက်လုပ်အုပ်ချုပ်နိုင်ပါတယ်။

ဒါဟာအကောင်းဆုံး
နည်းလမ်းပါပဲ။

နောက်ဆုံး အမှာ
စကားပြောရရင်တော့
နစက အစိုးရအနေနဲ့
တိုင်းပြည်နှင့်ပြည်သူ
အပေါ် အမှန်တကယ်
အကျိုးကြည့်တယ်ဆိုရင်
ရွေးကောက်ပွဲ ကိုအခက်ခဲ
အကြပ်တည်းကြားက
ကျင်းပပေးနိုင်ပါတယ်။

နစက အစိုးရ အနေနဲ့ကလည်း
နိုင်ငံတော်အာဏာကို ဆက်လက်ဆုတ်ကိုင်ထားစေချင်တယ်ဆိုတော့
ရွေးကောက်ပွဲ ဟာလည်း
ဟန်ရေးပြသာဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ
နစက အစိုးရလက်ထဲမှာသာ
ရှိပါတယ်။

NSM

Post a Comment

Previous Post Next Post