ဒေါ်စု‌ မောင်ဝိတ်ဆီက လာဘ်စားခဲ့တဲ့ အမှုနှစ်ခုကို လာမယ့်ရုံးချိန်းမှာ အမိန့်ချမည်

"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးမောင်ဝိတ်ဆီက ဒေါ်လာတွေလာဘ်စားခဲ့တဲ့ အဂတိအမှုနှစ်ခုကို လာမယ့်ရုံးချိန်းမှာ အမိန့်ချမည်"

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံကနေ ဒေါ်လာတွေ လာဘ်စားခဲ့တဲ့ အဂတိမှုနှစ်မှုကို လာမယ့်ရုံးချိန်းဖြစ်တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ရုံးချိန်းမှာ အမိန့်ချဖို့ရှိတယ်လို့ အမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။

ဦးမောင်ဝိတ်ဟာ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြပေးအပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငါးသိန်းငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွင်း လေးကြိမ်ခွဲ လက်ခံရယူခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မဲလိမ်မဲခိုးမှုကို မဖြေရှင်းခဲ့ရာကနေ လက်ရှိအထိ အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး အဲဒီအထဲက အမှု ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့ပြီးဖြစ်သလို ကျန်တဲ့အမှုတွေကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
#kk

Post a Comment

Previous Post Next Post