ကျိုက်ထီးရိုးဘုရားတွင် အကြမ်းဖက်မှုတရားခံပေါ်ပြီ


၁၂-၁၀-၂၀၂၂ ရက် (ဗုဒ္ဓဟူးနေ့) ကျိုက်ထီးရိုး ဘုရားဖူးတွေကို အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့အဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆောင်နိုင်ကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး KNU(အသေ) ၁ ဦးနှင့် PDF (အရှင်) ၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး  ကွင်းဆက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
-
တိုင်းရင်းသားအဖွဲ့ KNU ဆိုပြီး အထင်တော့မသေးနဲ့ဗျာ..
တကယ်ကို ရက်စက်ယုတ်မာတာ … NUG နဲ့ KNU
ပေါင်းပြီး သီတင်းကျွတ်ကာလမှာ ပြည်သူတွေအကြား
ဖောက်ခွဲမှုတွေလုပ်ဖို့ စီစဉ်ခဲ့တယ်လို့ စစ်ကြောဖော်ထုတ်
လို့ရခဲ့ပါတယ်။
-
ဖမ်းမိတရားခံရဲ့ထွက်ဆိုချက်အရ -
KNU ဗဟိုအနေနဲ့ သီတင်းကျွတ်ကာလမှာ
မြို့ရွာများတည်ငြိမ်မှုပျက်ပြားစေရန်အတွက်
အကြမ်းဖက်ဖောက်ခွဲမှုတွေကို နေရာ(၃)ခုမှာလုပ်ဖို့
* တပ်မဟာ(၆)၊ ရင်း(၂၇)၊ ရင်းမှူး ရန်နိုင်
  ခေါင်းဆောင်တဲ့ (Only KNU) အဖွဲ့(၁)ဖွဲ့။
* တပ်မဟာ(၁)၊ ရင်း(၃)၊ ရင်းမှူး ဒါးနေထူး
  ခေါင်းဆောင်တဲ့ (Only KNU) အဖွဲ့(၁)ဖွဲ့။
* တပ်မဟာ(၁)၊ ရင်း(၃)၊ ခွဲမှူး တွေ့မရှောင်နဲ့
  PDF အေးမင်းထွန်း(ရဲပြေး) တို့ခေါင်းဆောင်တဲ့
  (ပူးပေါင်း)အဖွဲ့(၁)ဖွဲ့။
စုစုပေါင်း ၃ ဖွဲ့ ဖြန့်ခွဲစေလွှတ်လိုက်တယ်။
-
တွေ့မရှောင်နဲ့ အေးမင်းထွန်းခေါင်းဆောင်တဲ့
(ဖမ်းမိတရားခံ)အဖွဲ့ဟာ ကားဖြင့် ဆောင်နိုင်ကြီး
ရွာမှတစ်ဆင့် ကျိုက်ထီးရိုးတောင်ခြေသို့ ရောက်
လာပြီး မိုးမိုးကတွတ်ယိုဆိုင်၏ အနောက်ဘက်
တောထဲတွင်စောင့်ဆိုင်းခဲ့ကြောင်း၊ ဘုရားဖူးများ
စည်ကားလာချိန်မှ တောင်တက်ကားဂိတ်ဘက်ကို
လက်နက်ငယ်ဖြင့် ကျည် ၂ ဘောက်ကုန်အောင်
အတွဲလိုက် ပစ်ခတ်ပြီး ၄၀ မမ လောင်ချာနဲ့ ၈ လုံး
ပစ်ခတ်ခဲ့ပြီးနောက် ဆုတ်ခွာခဲ့ပါတယ်။
-
ဒီပစ်ခတ်မှုမှာ KNU အဖွဲ့က PDF များကို ရှေ့က
ထားပြီး ပစ်ခတ်တိုက်ခိုက်မှုကို လုပ်ဆောင်ခိုင်းခြင်း
ဖြစ်ကြောင်း ဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်အရ
သိရပါတယ်။
နောက်ရက်မှာ ကျိုက်ထိုမြို့လယ်မှာရှိတဲ့ ရဲစခန်း
ကိုလည်း သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
-
ဒါးနေထူးခေါင်းဆောင်တဲ့အဖွဲ့ကတော့
၁၃-၁၀-၂၀၂၂ ရက်နေ့ ည ၈ နာရီခွဲခန့်မှာ
ကျိုက်ကော်မြို့၊ အကောင်းကြိုက် စားသောက်ဆိုင်
နားမှနေပြီး ဖြတ်သန်းသွားလာနေတဲ့ အရပ်ကား
များကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
-
တပ်မဟာ (၆)က ရင်းမှူးရန်နိုင်ခေါင်းဆောင်တဲ့
အဖွဲ့ကတော့ မြဝတီချစ်ကြည်ရေးတံတားမှာ
၁၅-၁၀-၂၀၂၂ ရက်နေ့ည မှာ ကားဗုံးခွဲတိုက်ခိုက်
မှုပြုလုပ်ခဲ့ကြပါတယ်။
-
အေးမင်းထွန်းက ယခင်အစိုးရ မွန်ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာအေးဇံရဲ့ လုံခြုံရေးအရာရှိဖြစ်ခဲ့ဖူးကာ
ရဲပြေး CDM တစ်ဦးဖြစ်လို့ KNU အဖွဲ့ရဲ့ယုံကြည်မှု
ရအောင် ယခုလိုအကြမ်းဖက်တိုက်ခိုက်မှုတွေကို
ရှေ့ဆုံးမှ တက်ကြွစွာလုပ်ပြနေသူ တစ်ဦးဖြစ်ကြောင်း
နှင့် စစ်တပ်ကိုလုပ်ဖို့ အခွင့်မသာတဲ့အတွက် ရဲနဲ့ ပြည်သူ
တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း
ထွက်ဆိုခဲ့ပါတယ်။
-
ကဲ .. အဲဒီတော့
ရွှေလက်နဲ့ခေါ်ဦးမှာလား?
KNU ကို ဘာလုပ်ကြမလဲ?
ဘယ်လိုအရေးယူမလဲ?
#KT
20.10.2022

Post a Comment

Previous Post Next Post