ဒေါက်တာထားထားလင်းရဲ့ ပြစ်မှုတွေက ဘာတွေလဲ


ဒေါက်တာထားထားလင်း အဖမ်းခံရတဲ့ အဓိက အကြောင်းအရင်းက WHO နဲ့  UNICEF တို့က ကိုဗစ်အတွက် ထောက်ပံ့ပေးအပ်တဲ့ ရန်ပုံငွေ နှစ်ရပ်ထဲက လက်ကျန်ငွေ ၁၆၁.၁၉၈ သန်းကို ငွေစာရင်း မရှင်းလင်းပေးဘဲနဲ့ CDM လုပ်သွားတာက အဓိက အကြောင်းအရင်းပဲ။ ဒါ့ကြောင့်လည်း  စွဲချက်တွေထဲမှာ အဂတိလိုက်စားမှုဥပဒေနဲ့ အရင်ဆုံး စွဲချက်တင်ခဲ့တာလည်းဖြစ်တယ်။
ကျပ်သန်းပေါင်း ၁၀၀ ကျော်ကို အလွဲသုံးစားလုပ်သွားတဲ့အပြင်  CDM လုပ်သွားခဲ့တဲ့ ဆရာဝန်တွေစုပေါင်းပြီး NUG အတွက် ကျန်းမာရေးအစီအမံတွေ ဆက်တိုက်လုပ်ပေး၊လှုပ်ရှားခဲ့တာက  သူ့ကို  အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ငြိသွားခဲ့စေတော့တာပဲ။ အထူးသဖြင့်တော့ နိုင်ငံတကာအလှူရှင်အဖွဲ့တွေကနေ NUG နဲ့ PDF တို့အတွက် ဆေးကုသစရိတ် ၆ လစာအတွက် အမေရိကန် ဒေါ်လာ ၈ သန်းရဖို့ Grant Proposal တင်ပြတောင်းခံဖို့ ကြိုးစားကြတဲ့ အဓိက လက်သည်တရားခံလည်းဖြစ်ခဲ့တယ်။ ဒါတွေက ရန်ကုန်နဲ့မန္တလေးမှာ ကိုဗစ်ရောဂါအကြီးအကျယ်ဖြစ်နေပြီး  အောက်ဆီဂျင် ရဖို့  ရှားပါးခက်ခဲနေချိန်တုန်းက ပြည်သူ့ဆေးရုံတွေကနေ CDM လုပ်သွားခဲ့ကြပြီး  တိတ်တိတ်ပုန်း ဆေးကုစားနေတဲ့ အဖွဲ့တွေဖမ်းမိခြင်းနဲ့လည်းတစိတ်တဒေသ သက်ဆိုင်နေခဲ့တယ်။ 
သူမရဲ့ထွက်ဆိုချက်တွေထဲမှာ NUG အတွက် PUBLIC HEALTH TEAM အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့တာဝန်ယူခဲ့သလို CDM လုပ်ထားတဲ့ ဆရာဝန် (၁၂)ယောက်နဲ့ ကနဦး ဖွဲ့စည်းတင်ထောင်ခဲ့တယ်။ အဲ့ဒီ အဓိက အဖွဲ့အစည်းရဲ့ လက်အောက်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးအတွက်လည်း State Health Admin Team နဲ့ Township Health Admin Team တွေဆိုပြီးထပ်မံဖွဲ့စည်းပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ကြတယ်။ ဒါ့ကြောင့်လည်း ဒီနေ့မှာ မတရားအသင်းဥပဒေပုဒ်မ ၁၇(၁)၊ ၁၇(၂)နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)တို့အရ ထောင်ဒဏ် (၄)နှစ်ထပ်မံ ကျခံရခြင်းဖြစ်တယ်။ အရင် အဂတိလိုက်စားမှု ထောင်ဒဏ် (၃)နှစ်နဲ့ပါပေါင်းရင် လက်ရှိအချိန်မှာ ထောင်ဒဏ် (၇)နှစ်အထိ ကျခံနေရပြီလည်းဖြစ်တယ်။
မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒေါက်တာထားထားလင်းဆိုတာက အရင်တလောက အချုပ်ကားနဲ့ အိမ်စီးကား အတိုက်ခံရတဲ့အထဲမှာ ပါခဲ့တဲ့သူတစ်ယောက်ပေါ့။ ပြည်သူအတွက် ဆိုထားတဲ့ သစ္စာတွေ ဖောက်ဖျက်ရင်  အချုပ်သား/ထောင်သားဖြစ်နေချိန်မှာတောင် အဲ့ဒီလို သစ္စာစူးတယ်ဆိုတာ မျက်မြင်ပဲ။
#ဖိုးစီ

Post a Comment

Previous Post Next Post