ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ကရင်ဒေသခံတစ်ထောင်ခန့်ကို ထိုင်းအာဏာပိုင်များမှ ယမန်နေ့(စက်တင်ဘာလ ၃၀ ရက်)မှစ၍ နေရပ်သို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။
ယခု မြန်မာဘက်ခြမ်းသို့ ပို့ဆောင်ခြင်းခံရသူများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက KNUနှင့် PDF ဖော်ဆောင်ခဲ့သည့် လေးကေ့ကော်မြို့သစ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြသည့် လေးကေ့ကော်၊ မဲ့ထော်သလေး၊ ဖလူးလေး၊ မင်းလက်ပံကျေးရွာများမှဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသအနီး၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဟုအကြောင်းပြကာ ထိုသို့ပို့ဆောင်ခြင်းဖြစ်ပြီး သောင်ရင်းမြစ်ကို စက်လှေများဖြင့်ဖြတ်ကူးကာ ပို့ဆောင်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

Post a Comment