ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်နိုင်ရင် ယူကရိန်းအကူအညီအတွက် စိုးရိမ်ရမယ်လို့ ဘိုင်ဒင်ပြော

နိုဝင်ဘာ ၈ ရက်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေသာ အနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းအရေးအတွက် စိုးရိမ်ရတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပါတယ်။ ကွန်ဂရက်လွှတ်တော်တစ်ခုဖြစ်ဖြစ်၊ လွှတ်တော်နှစ်ခုစလုံးကိုဖြစ်ဖြစ်ထိန်းချုပ်သွားနိုင်မယ်ဆိုရင် ယူကရိန်းကို အမေရိကန်က ကူညီပေးနေတဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်လို့ ဆိုခဲ့တာပါ။

ဒီမိုကရက်အမတ် ဂျွန်ဖက်တာမန်းအတွက် မဲဆွယ်စည်းရုံးပေးဖို့ ပစ်ဘတ်ခ်မြို့ကိုရောက်နေချိန်မှာ ဘိုင်ဒင်က ပြောဆိုခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲတွေမှာသာ ရီပတ်ဘလစ်ကန်တွေ အနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းအတွက် အကူအညီတွေကို စိတ်တိုင်းကျပြုလုပ်နိုင်မယ့် အနေအထား မှေးမှိန်လိမ့်မယ်လို့ အောက်လွှတ်တော်က ရီပတ်ဘလစ်ကန်ခေါင်းဆောင် ကယ်ဗင်မက်ကာသီကလည်း ပြောဆိုထားပါတယ်။

News Of Myanmar NOM

Channel: https://t.me/newsofmyanmar

Post a Comment

Previous Post Next Post