သထုံမြို့နယ်တွင် ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်များနှင့်လက်နက်ခဲယမ်းများဖမ်း မိ

မွန်ပြည်နယ်၊သထုံမြို့နယ်တွင် ၆ ဘီးကုန်တင်ကားပေါ်မှ ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်များနှင့်ဆက်စပ်သူများအား အောက်တို ဘာ ၁၉ ရက်ညနေပိုင်းက လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ်(၁၄၅/၆) အနီးတွင် ကျိုက်ထိုဘက်မြှမဝတီဘက်သို့ သိန်းကို မောင်းကာ ရန်နိုင်ထွန်း လိုက်လာသည့် Canter ၆ ဘီးကားအား သတင်းအရရှာဖွေခဲ့ကြသည်။

#Popular
https://t.me/naywin331

Post a Comment

Previous Post Next Post