နဝတ တုန်းက ရိုးရိုးရှင်းရှင်းပဲတွေးတယ်

ကိုယ်ကဘယ်လောက် ကောင်းအောင်
လုပ်လုပ် အပြစ်မြင်သူတွေ
တမင်တကာ ပြဿနာရှာနေတဲ့သူတွေ
နားလည်မှာ မဟုတ်တဲ့အတွက်
ရက်ပိုင်းအတွင်း ပြည်တွင်းမြို့ရွာတွေ
ငြိမ်ဝပ်ပိပြားအောင် အရင်လုပ်တယ်။

တိုက်ပွဲ ဆိုလို့ နယ်စပ်တွေမှာပဲ ရှိတယ်။

ဒီတော့ နယ်စပ်တွေမှာ ထကြွလာတဲ့
သူပုန်သူကန်တွေကို အင်နဲ့အားနဲ့ချေ
မူန်းနိုင်သလို
ပြည်တွင်း ဒေသဖွံ့ဖြိုးရေးတွေကိုလဲ
အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။

ဗကပ အမြစ်ပြတ်သွားတယ်။
ကျန်တာတွေလဲ နလံမထူနိုင်တော့လို့
စစ်ပွဲတွေ ကြီးကြီးမားမား မရှိတဲ့
ကာလကြုံခဲ့ရတယ်။

ဒီဘက်ခေတ်လိုဒေါ်လာဘီလျံနဲ့
ကိုင်တွယ်ရတာ မဟုတ်ပါဖူး။
ဒေါ်လာ ၈သန်း ပဲရှိလို့ ဂျပန်မှာ
ရှိတဲ့မြန်မာသံရုံးမြေ တစ်ဝက်
ရောင်းပြီးအသက်ဆက်ခဲ့ရတာပါ။

လက်နက်ဆိုလဲ ဒီခေတ်လို ဖောဖော
သီသီ မသုံးနိုင်ပဲ 81 တစ်လုံးလောက်
ပစ်ဖို့ ဗျုဟာအထိ ခွင့်ပြုမိန့်ယူပြီးချွေ
တာ သုံးခဲ့ရတာပါ။

အာဏာကို တစ်ဦးတည်း မကိုင်ထားပဲ
လုပ်ပိုင်ခွင့်နဲ့အတူ အာဏာခွဲဝေပေးမူ၊
အောင်မြင်အောင်သာလုပ်၊ ကျန်တာ
ငါအားလုံးတာဝန်ခံတယ် ဆိုတဲ့ပြတ်
သားတဲ့ အမိန့်နဲ့ တာဝန်ခံမူအောက်
မှာ ရဲဘော်တွေရဲ့ တက်ကြွတဲ့စိတ်ဓာတ်
နဲ့ တည်ငြိမ်အောင် လုပ်ခဲ့ရတာပါ။

အဲ့ခေတ်က
တိုင်းမူးတွေ ဗိုလ်ချုပ်ကြီးတွေတောင်
အိမ်ပြန်မအိပ်ရပဲ ရုံးမှာပဲ နေရပြီး၊
စစ်ရေး လိုအပ်ချက်ရှိရင် ညတွင်း
ချင်းချက်ချင်း စီမံပေးနိုင်တဲ့ခေတ်၊

စစ်မတိုက်ဖူးတဲ့သူ
စစ်ရေး အတွေ့အကြုံမရှိတဲ့သူတွေကို
စစ်ဆင်ရေးကွပ်ကဲရတဲ့ ဗျုဟာတို့ဌာန
ချုပ်တို့မှာ လုံးဝမထားပဲဖိုက်တာတွေကို
တန်ဖိုးထားတဲ့ခေတ်၊

ဘကုန်း ယပလက် အရှေ့အနောက်
ညှပ်ပြီး ပြည်ပကျုးကျော်စစ် ကိုသိက္ခာ
ရှိရှိ တုံ့ပြန်နိုင်ခဲ့တဲ့ခေတ်၊

အဲ့ခေတ် ဖရဲသီး မရှိဖူး မပြောနဲ့။
ရက်ပိုင်းအတွင်း ပီပီပြင်ပြင် အာဏာကို
ချုပ်ကိုင်နိုင်ခဲ့တော့ဖရဲသီးတွေ အစိုးရ
ဆန့်ကျင်ရေးစကားတွေကိုတောင်
တစ်ခြားသူတွေသိမှာကြောက်လို့ အ
သွင်တူသူ အချင်းချင်း တိုးတိုးတိတ်
တိတ် ပြောရတဲ့ခေတ်၊

အာဏာကို ပီပီပြင်ပြင် ချုပ်ကိုင်ပြထား
တော့ မနှစ်သက်သော်လည်း
အစိုးရချင်း ဆက်သွယ်နိုင်ဖို့ UN
အပါအဝင် နိုင်ငံတကာက စဉ်းစဉ်း
စားစား လုပ်ရတဲ့ခေတ်၊
အာဆီယံ အဖွဲ့ဝင်ပါလို့
ဖိတ်ခေါ်ရတဲ့ခေတ်၊

ဘာရယ် မဟုတ်ပါဖူး။
နဝတ နှစ်ပတ်လည်နေ့မှာ
ဟိုတုန်းက လုပ်ခဲ့ကိုင်ခဲ့တာ
တွေ စဉ်းစားမိလိုက်တော့

ဒီဘက်ခေတ်တစ်ခုခုတော့
မှားခဲ့တယ်လို့ ခံစားရတယ်ဗျာ။
အခုတော့လဲလုပ်သင့်တာ
လုပ်နေပြီလို့ ထင်ရပါတယ်။

credit# A Ba Aung
Via SSKB

Post a Comment

Previous Post Next Post