(၁) (၂၁•၁၀•၂၀၂၂)နေ့ နံနက် (၇)နာရီခန့်တွင် ကော်သူးလေ (KNU KNLA KNDO DKBA ခွဲထွက် ကာလာစုံ)နှင့် PDF များ ပါသည့် အင်အား (၁၀၀၀)ကျော်သည်ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန်အတွက်အဖွဲ့(၁) ကော့ကရိတ်-မြဝတီ သွား ကားလမ်းဟောင်းမှ ရန်ကုတ်ရွာ၊ခနိမ်းမူကျေးရွာဘက်မှ ဝင်ရောက်တိုက်ခိုက်လာပြီး တတားဦးရပ်ကွက်အတွင်းရှိနေအိမ်များအတွင်းဝင်ရောက်၍ ခလရ(၉၇) အနောက်ဘက်ရှိပန်းခြံရှိရာ နေရာမှ ခလရ (၉၇) အားလက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့။
(၂) ကော့ကရိတ်မြို့ ခရိုင်ထွေအုပ်ရုံးအနောက်ဘက်ရှိစုပေါင်းဝန်ထမ်းအိမ်ရာအား စောအယ်ဆေးဝါးနှင့်ဆံပင်အဝါရောင်ဆေးဆိုးထားသောအမျိုးသမီး(စောဆေးဝါးမှထိုအမျိုးသမီးအား ဆရာမဟုခေါ်ဆို)ပါသောအဖွဲ့မှ ဝင်ရောက်စီးနင်းပြီး ထိုစုပေါင်းနေအိမ်အပေါ်ထပ်တွင် လက်နက်ကြီးတပ်ဆင်ပြီးကော့ကရိတ်မြို့ထဲသို့ ရှော့တိုက်ဗုံး၊၄၀ မမ များဖြင့်အဆက်မပြတ် ပြစ်ခတ်တိုက်ခိုက်ရာ အမှတ်(၇)ရပ်ကွက်အတွင်းသွားလာနေသူ လူမျိုးခြားနှစ်ဦးပေါ် ဗုံးကျပေါက်ကွဲသေဆုံး၊ခနိမ်းမူနှင့် တတားဦးရပ်ကွက်အတွင်းဗုံးကျ ပေါက်ကွဲရာ လူ(၁၆)ဦးဒဏ်ရာ ရ (၁)ဦးသေဆုံး၊သတိပဌာန်ဘုန်းတော်ကြီးကျောင်းဆွမ်းစားဓမ္မာရုံပေါ်သို့ဗုံးကျပေါက်ကွဲ၊စုစုပေါင်း ဗုံးအလုံး(၄၀)လောက်အား ကော့ကရိတ်မြို့ထဲရှိ ပြည်သူနေ ရပ်ကွက်အတွင်းသို့ ပစ်ခတ်ခဲ့ရာ မပေါက်ကွဲခဲ့သောဗုံးအလုံး(၂၀)ခန့်ရရှိ။
(၃) ဆေးရုံကုန်းအနောက်ဘက်မှ အဖွဲ့သည် ခလရ(၉၇)အရှေ့ဘက်မှ ပစ်ခတ်တိုက်ခိုက် ပြီးခလရ(၉၇)အား ချဉ်းကပ် တိုက်ခိုက်လာခဲ့
(၄) အာရှလမ်း(ကျိုက်ဒုံလမ်းအပိုင်းရှိရာနေရာ)မှမောင်းမ လက်ဘက်ရည်ဆိုင် ရှိရာ နေရာမှ ဝင်ရောက်လာသောအဖွဲ့သည် ချောင်းတောင်ရပ်ကွက်အတွင်းကြိုတင်နေရာယူထားသောအဖွဲ့နှင့် ပူးပေါင်းပြီး ချောင်းတောင်ရပ်ကွက် ချောင်ဦးစေတီအနီးရှိတပ်မတော်ကင်းစခန်းအား လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့
ထိုကော်သူးလေ PDF စစ်ကြောင်း(၄)ကြောင်းဖြင့်ကော့ကရိတ်မြို့ထဲသို့ ဝင်ရောက် တိုက်ခတ်ရာတွင်စုပေါင်းဝန်ထမ်းအိမ်ရာအား စောအယ်ဆေးဝါးခေါင်းဆောင်သောအဖွဲ့မှ ကော့ကရိတ်မြို့အတွင်းသို့သူ့လူများဝင်ရောက်လာကြောင်းရှိရာ ပြည်သူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပြစ်ခတ်စတင်ခဲ့ခြင်းဖြစ်။လက်နက်ကြီးပစ်ခတ်မှုများနှင့်အတူ ကျန်စစ်ကြောင်းများမှ လက်နက်ငယ်များဖြင့်ပစ်ခတ်မှုစတင်၍ မြို့သိမ်းတိုက်ပွဲ ဆင်နွဲလာခဲ့ခြင်းဖြစ်။
တပ်မတော်မှ ရပ်ကွက်နေပြည်သူများအားဘေးကင်းရာရှောင်ရှားစေခိုင်းပြီးမှစ၍ လေယာဉ်ပြစ်ကူဖြင့် စုပေါင်းဝန်ထမ်းနေအိမ်နေရာနှင် တတားဦး၊ထန်းပင်ကုန်း၊ချောင်းတောင်ရပ်ကွက်အတွင်းရောက်နေသော ကော်သူးလေ pdf များအားပြန်လည်ပစ်ခတ်ခဲ့ရာပြည်သူတစ်ဦးမှထိခိုက်ဒဏ်ရာ မရရှိခဲ့ပပါ။ထို ကော်သူးလေ pdf များ ထွက်ပြေးရာ လမ်းကြောင်းအတိုင်း ဝေဟင်နှင့်မြေပြင်မှ လိုက်လံတိုက်ခတ်ရှင်းလင်းရာ စနိုက်ပါသမား(၁)ဦးအပါကော်သူးလေ ကော်ဘရာ pdf (၆၀)ဒဏ်ရာရပြီး(၉၀)ကျော်သေဆုံးခဲ့ပြေးနေသောအဖွဲ့(၁)ဖွဲ့အပေါ်လက်နက်ကြီးကျထိမှန်လွင့်စင်ခဲ့။
ကော်သူးလေ ကော်ဘရာ pdf အချို့ ကော့ကရိတ်မြို့ထဲနှင့် အနီးပတ်ဝန်းကျင်တွင် ကျန်ရှိနေခဲ့ပြီးကော့ကရိတ် မြို့ထဲသို့ နေ့စဉ် Drone များဖြင့်တိုက်ခိုက်လျက်ရှိရာ(၂၂;၂၃•၁၀•၂၀၂၂) နေ့တွင် ထိခိုက်မှုမရှိခဲ့။
(၂၄•၁၀•၂၀၂၂)နေ့တွင် ချောင်းတောင် အထကကျောင်းအနီးရှိ စျေးဆိုင်တန်းပေါ် ဗုံးကျပေါက်ကွဲရာလူ(၁)ဦးဗုံးစထိမှန် ဆေးရုံတင်ခဲ့ရ
(၂၅•၁၀•၂၀၂၂)နေ့တွင် ချောင်းတောင် အထက်တန်းကျောင်းအတွင်းဗုံးကျပေါက်ကွဲပြီး အမျိုးသမီး(၁)ဦးဒဏ်ရာရခဲ့။
ကော့ကရိတ်-မြဝတီသွားလမ်း ကျောက်ခွဲစက်(KNU အပိုင်)အနီးတွင် ရေခဲသေတ္တာများတင်ဆောင်လာသော (၁၂)ဘီးယာဉ်နှင့်တွဲကား(၁)အား ကော်သူးလေ pdf များမှ ငွေကြေးတောင်းခံ မီးရှို့ဖျက်ဆီးခဲ့။
ကော့ကရိတ်မြို့အား (၂၃•၁၀•၂၀၂၂)နေ့တွင်အပြီးသိမ်းပေးရန် NUG အစိုးရမှ နယ်ဒါးမြအား ဒေါ်လာငွေ ထောက်ပံ့ပေးအပ်ထားခဲ့ပြီး နယ်ဒါးမြ၊စောကျော်သက်၊စောစလုံး၊စောအယ်ဆေးဝါး၊စောရန်နိုင်ပါသောအဖွဲ့မှ (၂၁•၁၀•၂၀၂၂)နေ့တွင်ကော့ကရိတ်မြို့အား မြို့သိမ်း တိုက်ပွဲ စတင်ဆင်နွှဲလာခဲ့ခြင်းဖြစ်။ကော့ကရိတ်မြို့ကို မရရအောင်သိမ်းသွားရန် NUG အစိုးရမှငွေကြေးပေးစေခိုင်းခဲ့ငွေကြေးလက်ခံထားပြီးဖြစ်သောကြောင့် ကော့ကရိတ်နှင့်ပတ်ဝန်းကျင် တိုက်ပွဲများအဆက်မပြတ် ဖြစ်ပေါ်လာမှာ ဖြစ်။
ကော့ကရိတ် မြို့နယ်အတွင်းရှိ တပ်မတော်တပ်ရင်းတပ်ဖွဲ့အားလုံးနှင် လခရ အားလုံး အမြဲအထူးသတိ ရှိရန်လိုအပ်ပါတယ်ဗျာ။
#yyh
25.10.2022
Post a Comment