မနေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့ရဲ့
မြောက်ဘက်မှာရှိတဲ့ KIA/PDF ရင်း(၈)၏
ပွိုင့်-၁၉၀၇ တောင်ကုန်းအား သိမ်းပိုက်ရရှိလိုက်
ပါတယ် ..
တောင်ကုန်းကို တက်သိမ်းတော့ KIA/PDF
တွေက ခုခံပစ်ခတ်မှုအနည်းငယ်သာလုပ်ပြီး
ထွက်ပြေးသွားလို့ လွယ်လွယ်ကူကူနဲ့ အဖိတ်
အစင်မရှိ ရရှိခဲ့တာပါ …
ပြောရမယ်ဆိုရင်
မန်တုံဆိုတာ ပလောင်လူမျိုးအများစုနေတဲ့
ပလောင်နယ်မြေဖြစ်ပါတယ် … အဲ့ဒီ ပလောင်မြို့
မန်တုံကို KIA က လိုချင်နေတယ် ..
ဒါပေမယ့် TNLA နဲ့လည်း ပြဿနာမဖြစ်ချင်ဘူး ..
ဒါကြောင့် PDF ကို ရှေ့တန်းတင်ပြီး
အဖျက်အမှောက်တွေလုပ်တယ် ..
ပလောင်ဘုန်းကြီးတွေကို ခြိမ်းခြောက်တယ်၊
ဘုရားစေတီတွေအပေါ်မှာ စစ်စခန်း ဆောက်တယ် ..
အခုဆို တပ်က စစ်ကြောင်းတွေထိုးလာတော့
KIA အနေနဲ့ ဘေးကြပ်နံကြပ်ဖြစ်နေတာတွေ့ရတယ်။
-
နောက်တစ်ခုက
ပြဿနာတက်လာရင် KIA က မျက်နှာပျက်စရာ
မလိုဘဲ PDF ကို အပြစ်လွှဲချလိုက်တယ် ..
တိုက်စရာရှိရင် သူတို့ကို တိုက်ခိုင်းတယ် ..
PDF တွေဘဝကတော့ အသုံးချခံ၊ အဖိနှိပ်ခံတွေပေါ့ ..
-
အဲလို ပလောင်လူမျိုးတွေကို အကြမ်းဖက်တဲ့
လုပ်ရပ်တွေကြောင့် ဒေသခံပလောင်တိုင်းရင်း
သားတွေရော၊ ပလောင်လက်နက်ကိုင်တွေရောက
KIA/PDF ကို ပြန်တိုက်ဖို့ စီမံနေကြပြီ၊ တိုင်ပင်နေ
ကြပြီ၊ အချီကြီးကြံနေကြပြီလို့ ခပ်ပိန်းပိန်း PDF
လေးတွေ ပဲလှော်ကြား ဆားညပ်မှာစိုးလို့ သတိပေး
လိုက်ပါတယ် ။။။
#KT
Post a Comment