"မြင်းခြံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲကို အကြမ်းဖက် NUG လက်ပါးစေများက ကလေးငယ်များ ပညာသင်ကြားမှုမပြုနိုင်စေရန် လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်"

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲကို အကြမ်းဖက် NUG လက်ပါးစေများမှ ကလေးငယ်များ ပညာသင်ကြားမှု မပြုနိုင်ရေးအတွက် လက်နက်ကြီး/လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ကျောင်းဆောင်ရှိ ပြူတင်းပေါက်တံခါးများ ပျက်စီးကာ ကျောင်းအဆောက်အဦများ၌ လက်နက်ကြီး/လက်နက်ငယ် ကျည်များ ထိမှန်ပျက်စီးခဲ့သည်။

ထိုသို့ အကြမ်းဖက်ပစ်ခတ်ခဲ့သည့် NUG လက်ပါးစေများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#mhtnews

Post a Comment

Previous Post Next Post