ဘယ်လမ်းကိုရွေးမလဲ AA




ရခိုင်ပြည်နယ်အတွင်း AA ၏ လှုပ်ရှားဆောင်ရွက်မှုများမှာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောက်ယှက်သည့်အနေအထားကို ရောက်ရှိလာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ပြန်လည်သတ်မှတ်သင့် သည်ကို တွေ့ရှိရသည်။ ရခိုင်ဒေသသည် နိုင်ငံတော်၏ အနောက်တံခါးဖြစ်သည့်အတွက် ပိုမိုအရေးကြီးပြီး AA အနေဖြင့် တိုက်ပွဲများကို ဆက်လက်ဖန်တီးနေမည်ဆိုပါက မလိုလားအပ်သော ဆိုးကျိုးများကို ကိုယ်တိုင်လက်ယက်ခေါ်နေသကဲ့သို့ ဖြစ်ပေမည်။

ကောက်ရိုးမီးကဲ့သို့ တဒင်္ဂသာ ဟုန်းကနဲထတောက်နိုင်စွမ်းရှိသော AA သောင်းကျန်းသူ များအနေဖြင့် ယခုကဲ့သို့ စစ်ပွဲများကို ဆက်လက်ဆင်နွှဲနေပါက မကြာမီကာလအတွင်း မီးညွန့်ကျိုး နိဂုံးချုပ်ရမည်ဖြစ်ပါတယ်၊ လတ်တလောကြားသိရသော သတင်းများအရလည်း AA တပ်ဖွဲ့ဝင်များအတွင်း အချင်းချင်းနေရာလု မသင့်မြတ်မှုများ၊ ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုများ၊ သေကြေဒဏ်ရာရမှုများ များပြားလာတဲ့အတွက် စိတ်ဓာတ်များ ကျဆင်းကာ ထွက်ပြေးမှုများ ရှိနေသည်။

AA သောင်းကျန်းသူ ခေါင်းဆောင်များအနေဖြင့် မိသားစုအလိုက် ကျည်လွတ်မြေ၌ နေထိုင်ပြီး အခွင့်ထူးခံ စည်းစိမ်ခံစားနေနိုင်သော်လည်း အောက်ခြေရဲဘော်များ တိုက်ပွဲဝင်ရန် ကျည်ဆံများပင် လုံလောက်စွာမထောက်ပံ့နိုင်သည့် အခြေအနေများဖြစ်ပေါ်နေကြောင်း AA နဲ့ နီးစပ်သူများထံက သိခဲ့ရပါတယ်၊ အဆိုးဆုံးမှာ မဖြစ်နိုင်သော စိတ်ကူးယဉ်အိပ်မက် မျှော်လင့်ချက်များပေးပြီး ပြည်သူများကို တိုက်ပွဲဒုက္ခတွင်းထဲဆွဲခေါ်နေသည့်အဖြစ်ကို မြင်တွေ့နေရသည်မှာ ပို၍ရင်နာဖွယ် ကောင်းလှပါသည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံတော်အစိုးရက ဖိတ်ခေါ်လျက်ရှိသည်ကို  အားလုံးအသိပင်ဖြစ်ပြီး မိမိပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးအဖြေရှာရမည့်အချိန်ဖြစ်၍ AA သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးဖြေရှာမည်လား၊ ပြည်သူတွေအတိ ဒုက္ခရောက်ရသည့် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်ပြီး ကျဆုံးခန်းသို့ ဦးတည်မည်လား ဆိုသည်မှာ AA ၏ ကိုယ်တိုင်ရွေးချယ်မှုပင်ဖြစ်ပါတော့သည်။

#MayYuHtarNay

Post a Comment

Previous Post Next Post