မင်းတုန်း-ပြည် ပြေးဆွဲတဲ့ "ဘုမ္မဝတီ" ယာဉ်လိုင်းအသင်းပိုင် ခရီးသည်တင်ကားပေါ်ကနေ Air Compressor အတွင်း သိုဝှက်သယ်ဆောင်လာတဲ့ လက်နက်အချို့ ဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာအနီး ပုသိမ်-မုံရွာသွားကားလမ်းမပေါ်၌ နိုဝင်ဘာ ၂၉ ရက်ညနေ ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများထံ ပို့ဆောင်မည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ကို မော်တော်ယာဉ်တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုလက်နက်နှင့် ဆက်စပ်ပစ္စည်းများကို မင်းတုန်း-ပြည် ပြေးဆွဲနေသည့် "ဘုမ္မဝတီ'' ယာဉ်လိုင်းအသင်းပိုင် Hyundai Starex (ခဲရောင်) ယာဉ်တစ်စီးပေါ် တင်ဆောင်လာသော Air Compressor အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိပစ္စည်းများမှာ M-4 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက် အကြမ်းဖက် ဘက်တံဆိပ် ၂၀၀ ခု၊ ရင်ထိုးတံဆိပ် ၁၀၀ ခု၊ ကပ်ခွာ ၃ လိပ်၊ M-16 ကျည်အိမ် ၈ ခု၊ ဒရုန်းကင်မရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၆ ခုတို့ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
#mhtnews

Post a Comment

Previous Post Next Post