#မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ နိုဝင်ဘာ(၃)ရက်(၄)ရက်နေ့တို့တွင် ဘုရား လာရောက်ဖူးမြှော်ကြသည့် ဘုရားဖူးပြည်သူ(၃၀၀၀)ဦးခန့် အား ဘုရားပေါ် သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေးခဲ့ ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
#ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်း၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များနှင့် ဈေးသူဈေးသားများစုပေါင်း၍ ဘုရားပွဲတော်ကာလဖြစ်သည့် သီတင်းကျွတ်လပြည့် နေ့မှ ကဆုန်လပြည့်နေ့ထိ ဘုရားပွဲတော်ကာလတလျှောက်တွင် ဘုရားဖူးပြည်သူ များဖြင့် စည်ကား စေလိုသည့် ရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ(၃)ရက် နှင့်(၄)ရက် နေ့တို့တွင် ဘုရားဖူးပြည်သူများအား တောင်တက်ကား(အခမဲ့)အတက်အဆင်း ပို့ဆောင်ခြင်း၊ ကင်မွန်းစခန်းတောင်ခြေတွင် စတုဒီသာဧည့်ခံကျွေးမွေးခြင်း၊ တောင်တော်ရင်ပြင်တွင် စတုဒီသာများကျွေးမွေးခြင်း၊ ရိုးရိုးလေးဟိုတယ်နှင့် တည်းခိုဆောင်များတွင် (အခမဲ့)တည်းခိုခွင့်ပြုခြင်း၊ တောင်တော်ရင်ပြင်ရှိတည်းခိုဆောင်များ၌ အခမဲ့တည်းခိုခွင့်ပြုခြင်းများကိုဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
#ထို့ပြင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို လာရောက်ကြသည့် ဘုရားဖူးပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် လာရောက်ဖူးမြှော်နိုင်ရေးအတွက် ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
crd.
Post a Comment