အိန္ဒိယနိုင်ငံ၌ အကျဥ်းကျခံခဲ့ရပြီး မြန်မာနိုင်ငံပြန်ရန် အခက်အခဲရှိနေသူ ၄၃ ဦးအား သီတဂူဆရာ တော်ကြီးကပြန်လည်ခေါ်ဆောင်ပေးခဲ့


အိန္ဒိယနိုင်ငံ၌ ဖမ်းဆီးခံထားရပြီးပြန်လည်လွတ် မြောက်လာသည့် မြန်မာနိုင်ငံသား ၄၃ ဦးသည် မြန်မာနိုင်ငံပြန်ရန်အခက်အခဲဖြစ်နေ၍သီတဂူဆ ရာတော်ကြီးက လေယာဥ်စရိတ်ပေးလှူကာ ပြန် လည်ခေါ်ဆောင်ပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသား ၄၃ ဦးသည် အိန္ဒိယနယ်နမိတ်ပင်လယ်ပြင်တွင် နယ်ကျွန်၍ငါးဖမ်းခဲ့ကြသဖြင့် အိန္ဒိယနိုင်ငံတာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံရှိ အကျဥ်းထောင်အတွင်း၌ ထောင်ဒဏ် ၄ နှစ်ကျော်ကြာကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။
အဆိုပါ မြန်မာနိုင်ငံသား ၄၃ ဦးသည် ဧရာဝတီ တိုင်း၊လပွတ္တာမြို့နယ်နှင့်ရခိုင်ပြည်နယ်၊ဂွမြို့နယ်တို့တွင် နေထိုင်သူများဖြစ်ကာ မြန်မာနိုင်ငံပြန်ရန်အခက်အခဲများဖြစ်ပေါ်နေကြောင်း သီတဂူဆရာ တော်ကြီးမှကြားသိခဲ့ရသဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် လေယာဥ်စရိတ်ပေး၍ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။
ထို့ပြင် သီတဂူဆရာတော်ကြီးမှ ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၄၃ ဦးအား ၎င်းတို့၏နေရပ်များသို့ပြန်နိုင်ရန် ဆရာတော်ကြီး ၏ ညွှန်ကြားချက်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(ရန်ကုန်)ပါမောက္ခ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)၊အရှင်ဓမ္မိကတို့က ကြိုဆိုကာ လမ်းစရိတ်များကိုထပ်မံပေးလှူခဲ့သည်။
သီတဂူဆရာတော်ကြီးသည် ၂၀၁၃ ခုနှစ်က မလေးရှားနိုင်ငံ၌ အကျဉ်းကျကာ ပြန်လည်လွတ် မြောက်လာပြီး မြန်မာနိုင်ငံပြန်ရန် အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ၂၀၀၀ ခန့်အား လေ ယာဉ်ဖြင့်ပြန်လည်ခေါ်ယူပေးခဲ့သည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံ၌ရောက်ရှိကာ အခက် အခဲဖြစ်နေသည့် မြန်မာနိုင်ငံသား ကိုရင် ၅၀ ပါးခန့်အား လေယာဥ်စရိတ်ပေးလှူ၍ ၂၀၁၀ ပြည့်နှစ်က ပြန်လည်ခေါ်ယူပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Post a Comment

Previous Post Next Post