ဝန်ကြီးချုပ်ဖြစ်ဖို့ အလားအလာများနေတဲ့ မူဟာရစ်ဒင်

မူဟာရစ်ဒင်ရဲ့ ပါတီဟာ ရွေးကောက်ပွဲမတိုင်ခင်ကမှ အသစ်ဖွဲ့လိုက်တဲ့ပါတီဖြစ်ပေမဲ့ အမျိုးသားရေးကို ဇောင်းပေးစည်းရုံးခဲ့လို့ ဒုတိယမဲအများဆုံးသာ ရရှိခဲ့ပေမဲ့ လက်ရှိအာဏာရ ချိန်ခွင်ပါတီ BN နဲ့ ပူးပေါင်းခဲ့မယ်ဆို အဆင်ပြေသွားနိုင်ပါတယ်။

မဲအများဆုံးရရှိခဲ့တဲ့ PH ဟာ ဒုတိယ(PN)နဲ့တတိယ(BN) အများဆုံးပါတီ ၂ ခုပေါင်းလိုက်မယ်ဆိုရင် အစိုးရဖွဲ့ခွင့် ဆုံးရှုံးရမလို ဖြစ်သွားပါပြီ။

ချိန်ခွင်ပါတီ BNဟာ လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ်နဂျစ်က အစိုးရဘဏ္ဍာငွေတွေကို ဒေါ်လာဘီလီယံနဲ့ချီအောင် အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့အတွက် ယခုလို ထောက်ခံမှုကျဆင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရမယ့် အခြေအနေထိ ရောက်ရှိခဲ့တာပါ။

ဝန်ကြီးချုပ်ကို စည်းမျဉ်းခံဘုရင်ဖြစ်သူက နောက်ဆုံးရွေးချယ်ပေးမှာဖြစ်တဲ့အတွက် လက်ရှိဘုရင်ရဲ့ထောက်ခံမှုကို ရထားတဲ့ မူဟာရစ်ဒင် အတွက် ဝန်ကြီးချုပ်ဖြစ်ဖို့ ရေးပန်းစားနေတာလည်း ဖြစ်ပါတယ်။

ဒီလိုညွှန့်ပေါင်းအစိုးရတွေဟာ PR  စနစ်မှာအများဆုံးတွေ့ရပြီး အနာဂတ်မြန်မာ့ရွေးကောက်ပွဲတွေမှာ ယခုလို အနေအထားမျိုးတွေကို တွေ့ကြုံနိုင်ပါတယ်။

#fossilnews

Post a Comment

Previous Post Next Post