ငြိမ်းချမ်း၍ စစ်ပွဲကင်းသော ရက္ခိုင်ပြည်ကြီးဆီသို့....



AA ဟာ ရက္ခိုင်ပြည်ကို လွှမ်းမိုးချုပ်ကိုင်ချင်တာကြောင့် ပုံစံအမျိုးမျိုး၊ လှည့်ကွက် အမျိုးမျိုးနဲ့ လုပ်ဆောင်လျက်ရှိပါတယ်၊ AA ဟာ မြန်မာ့တပ်မတော်နှင့် သဘောတူစာချုပ် မချုပ်ဆိုဘဲ ငြိမ်းချမ်းရေးရယူခဲ့ခြင်းဟာ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ ရိုးသားမှုမရှိတဲ့ အကွက်တစ်ခုဖြစ်တယ်၊ အယောင်ဆောင် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး နောက်ကွယ်မှာ ထွန်းမြတ်နိုင်ဟာ ရခိုင်ပြည်သူတွေကိုစည်းရုံးပြီး လက်နက်အင်အား ဖြည့်တင်းခြင်း၊ လူအင်အားများ စုဆောင်းခြင်း၊ စစ်မြေပြင်တွင်အသုံးပြုရန် ဆေးဝါးများ စုဆောင်းခြင်း၊ စစ်အသုံးစရိတ်ရှာဖွေခြင်း၊ စခန်းနဲ့ ကတုတ်ကျင်းများ၊ ဘန်ကာများ ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်။

အပစ်အခတ်ရပ်စဲခြင်းနောက်မှာ AA က ဘာကြောင့် အပစ်အခတ်ရပ်ရသလဲဆိုရင် တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှ လက်နက်ခဲယမ်းမပြည့်စုံခြင်း၊ လူအင်အားနည်းပါး လာခြင်း၊ ဆေးဝါးများမရှိခြင်း၊ ရိက္ခာ များပြတ်တောက်ခြင်းတို့ကြောင့်ဖြစ်တယ်၊ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံခြင်း၊ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းနဲ့ လူကုန်ကူးတဲ့ လုပ်ငန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရတယ်၊ မူးယစ်ဆေးဝါးများ၊ စစ်အသုံးအဆောင်များတင်ဆောင်လာတဲ့ မော်တော်ယာဉ်နဲ့ အခြားအရာတွေကို သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးရမိ ခဲ့တာတွေလည်း ရှိခဲ့တယ်။

AA အဖွဲ့အတွင်းမှာ လစာမပေးနိုင်လို့ ထွက်ပြေးသူထက် အထက်အောက် အချင်းချင်း နှိပ်စက်ခံရမှုကြောင့် ထွက်ပြေးသူတွေများလာတယ်၊ AA ခေါင်းဆောင်တွေကတော့ နိုင်ငံခြားတိုင်းပြည်မှာ ပုန်းခိုနေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ AA တပ်များကို အဝေးကနေ ထိန်းချုပ် အမိန့်ပေးနေတာကိုလည်း တွေ့ရတယ်။ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်နေရတာက ရခိုင်ပြည်သူတွေနဲ့ AA အဖွဲ့ဝင်တွေ သူတို့ခေါင်းဆောင်ပိုင်းတွေကတော့ နိုင်ငံခြားတိုင်းပြည်မှာ အေးဆေးနှပ်ပြီး နေထိုင်ကြတယ်။

ယခင်ကဆိုရင် ရခိုင်ပြည်နယ်ဟာ အေးအေးချမ်းချမ်းပါပဲ ယခုအချိန် တိုက်ပွဲတွေ ပြန်ဖြစ်တယ်ဆိုတာ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့  စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ သစ်မှောင်ခိုနဲ့ မူးယစ်ဆေးဝါးတွေ အဖမ်းခံရခြင်းကနေစပြီး တိုက်ပွဲတွေ ဖန်တီးလာတော့တယ်၊ ဒီလိုတိုက်ပွဲများဖြစ်ပေါ်လာတော့ ရခိုင်ပြည်သူတွေအနေနဲ့ တိုက်ပွဲရှောင်စခန်းတွေမှာ သွားနေထိုင်ရတယ်၊ အလုပ်မလုပ်ရတော့ဘူး၊ ပြီးတော့ အသက်အိုးအိမ်ဆုံးရှုံးမှုတွေပါဖြစ်ပေါ်လာတယ်၊ တိုက်ပွဲတွေဖြစ်မှာကို ဘယ်ပြည်ကမှ မလိုလားဘူး ထွန်းမြတ်နိုင်နဲ့ AA ထောက်ခံသူအချို့သာ လိုလားနေကြတာကို တွေ့ရတယ်။

စကစဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်ချိန်မှာ အခြားလက်နက်ကိုင်အဖွဲ့အစည်းများစွာ တက်ရောက် သော်လည်း AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကတော့ သူ့ရဲဆရာ KIA က မတက်တော့ သူလည်းမတက်ခဲ့ဘူး တက်ရောက်တဲ့အဖွဲ့တွေကိုသာ ပုတ်ခတ်ပြောဆိုခဲ့တယ်၊ တိုက်ပွဲတွေရဲ့ ဆိုးကျိုးသက်ရောက်မှုက ပြည်သူတွေပဲ ရင်စီးခံစားရတာဖြစ်လို့  AA အဖွဲ့သာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ပြီး ကိုယ့်ပြည်နယ်တိုးတက်ရေးအတွက် လုပ်မယ်ဆိုရင် ရခိုင်ပြည်နယ်ကြီးဟာ အရင်လို အေးအေးချမ်းချမ်းနဲ့ တိုးတက်လာမှာ မလွဲဧကန် ဖြစ်ပါတယ်။

#MayYuHtarNay

Post a Comment

Previous Post Next Post