​စစ်ကိုင်းပြဿနာအဖြေရှာ

အာဏာထိန်းကာလ နှစ်နှစ်အတွင်း နစကကို ခေါင်းကိုက်စေတဲ့ တိုင်းဒေသကြီးက စစ်ကိုင်းတိုင်းပါ။ အရပ်သားသေဆုံးမှု၊ သံဃာတော်တွေသေဆုံးမှုအများဆုံးကလည်း စစ်ကိုင်းတိုင်းပါပဲ။ Pdf အများဆုံးကလည်း စစ်ကိုင်းပါပဲ။

စစ်ကိုင်းတိုင်းကိုပြန်သုံးသပ်ရရင် လွတ်လပ်ပြီးခေတ် ပြည်တွင်းသောင်းကျန်းမှုတွေပြီးကတည်းက အေးချမ်းတဲ့ တိုင်းတစ်ခုပါ။ စစ်ကိုင်းတိုင်းက အေးချမ်းခဲ့တာကြာတော့ စစ်ရေးလှုပ်ရှားမှု၊ စစ်ဆင်ရေးတွေလည်း နည်းပါးတယ်။ စစ်ကိုင်းမှာ တပ်မ ၃၃ အခြေစိုက်ထားပြီး ရွှေဘို၊ ဝန်းသို နဲ့ စစ်ကိုင်းမှာ တပ်ရင်းတွေရှိတယ်။ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုရုံးက ကလေးမှာရှိပါတယ်။

ခုသောင်းကျန်းနေတာက ယင်းမာပင်နဲ့ မုံရွာအုပ်စုဆိုတော့ စစ်ကိုင်းတောင်ပိုင်းလို့ ပြောရင်ရပါတယ်။ အေးချမ်းခဲ့တော့ ကရင်၊ ရှမ်းနဲ့ ကချင်လို စစ်ကိုင်းမှာ တပ်အနှံ့မချနိုင်ဘူး။ နယ်မြေခံတပ်တွေကလည်း အပြင်ဘက်မှာပဲ လှုပ်ရှားရတာများတယ်။ စစ်ကိုင်းမှာ တည်ခဲ့တဲ့ တပ်စခန်းတွေကလည်း မန္တလေးကို ကာကွယ်ဖို့ ချခဲ့ပုံရပါတယ်။

တပ်ကအလွယ်တကူ ဘာလို့ကိုင်တွယ်လို့မရလဲဆိုတော့ ဒေသမြေပြင်ကွပ်ကဲမှုနည်းလို့ပါ။ စစ်ကိုင်းက မြေပြန့်များပြီး ရွာတွေ ၅၆၀၀ ကျော်ရှိတယ်။ စစ်ကိုင်း ၁၁ ခရိုင်မှာ တပ်အခြေစိုက် ခရိုင်တွေကလဲွဲပြီး ကျန်တဲ့ခရိုင်တွေ အေးချမ်းမှုနည်းတယ်။

ကရင်နဲ့ကချင်လို့ ရန်သူ့စခန်းတွေက သီးခြားမရှိဘဲ ရွာတွေနဲ့ရောတည်ထားတာများတယ်။ တစ်ရွာနဲ့တစ်ရွာ ချိတ်ဆက်ထားတော့ တပ်ဝင်လာရင် အလွယ်တကူ ​ရှောင်လို့ရတယ်။ ရွာတွေကြောင့် ထောက်ပို့စိတ်မပူရဘူး။ တပ်ဖျောက်ရလွယ်တယ်။ ကျေးရွာအုပ်ချုပ်ရေးပိုင်း မရှိတော့ pdf တွေအလွယ်တကူ ထိုးဖောက်နိုင်ခဲ့တယ်။

တပ်မတော်ဘက်က မြေပြင်ထိုးစစ် မထိရောက်လို့ လေကြောင်းချီတပ်တွေ လေယာဥ်တွေသုံးခဲ့ရတယ်။ ရွာထဲကပစ်၊ ရွာသားကပစ်၊ ရွာထဲပြေးဆိုတော့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ လုပ်လို့ရတာက pdf ရှိတဲ့ ရွာတွေကို မီးရှို့၊ အရပ်သားနဲ့ pdf ခွဲထုတ်ပြီးမှ စစ်ဆင်ရေးတွေလုပ်နိုင်လိမ့်မယ်။ ဒီကိစ္စကလည်း စစ်ဘေးရှောင်နဲ့ ဆုံးရှုံးမှုများလို့ တပ်ခေါင်းဆောင်တွေ ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတဲ့သဘောရှိတယ်။

ရွာဆက်လမ်းတွေ၊ မြို့ဆက်လမ်းတွေမှာ မိုင်းထောင်ထားတာတွေများလို့ စစ်ဆင်ရေးကြန့်ကြာတာတွေရှိတယ်။ Pdf တွေအတွက် စစ်ကိုင်းက မဟာဗျူဟာကျတယ်။ KIAနဲ့ CNF ဆီက ေထာက်ပို့ယူ၊  မန္တလေးနဲ့ အောက်ပိုင်းကို ဖြန့်လို့ရတယ်။ ခုတော့တပ်က ထောက်ပို့ဒေသတွေကို စတင်ဖြတ်တောက်နေပါပြီ။ စစ်ဝိုင်းပုံ ဖြည်းဖြည်းချင်းချုပ် စစ်ကစားတော့မယ်နဲ့တူပါတယ်။

စစ်ကိုင်းမှာ စစ်ပွဲကြာနိုင်တယ်။ စစ်ဘေးရှောင်တွေလည်းများနိုင်တယ်။ Pdf တွေက ကြာရင် ပလိုင်းထဲက ဖားလေးတွေဖြစ်တော့မှာပါ။

ကိုနှင်းမောင်

Post a Comment

Previous Post Next Post