မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေးဖော်ဆောင်မှုအပေါ် ပံ့ပိုးကူညီပေးပြီး " The Belt and Road " နဲ့ တရုတ် - မြန်မာ စီးပွားရေး စင်္ကြန်ကို မြန်မာနိုင်ငံနှင့်အတူ တည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ၊
စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့်ရေထွက်ပစ္စည်းများ ကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံတည်ဆောက်ရေး ၊လျှပ်စစ်စသည်တို့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုနက်ရှိုင်းစေပြီး ၊
မြန်မာပြည်သူများ အတော်အသင့်ချမ်းသာသောဘဝကို ဆောလျင်စွာပိုင်ဆိုင်နိုင်အောင် တွန်းအားပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်းကို တရုတ်သံအမတ်ကြီးMr. Chen Hai က ပြောသွားတယ်။
ဒါက ရှီ ရဲ့ တတိယအကြိမ် သမ္မတ သက်တမ်းတိုးပြီးတဲ့နောက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်ပြည်ရဲ့ သဘောထား။
ရုရှား နဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားကအသာစီးရနေပြီး
US နဲ့ NATO ဟာ အကွဲကွဲအပြဲပြဲဖြစ်နေတယ်။
ဒါကြောင့် မြန်မာနိုင်ငံအပေါ်မှာ US နဲ့ EU ဟာ စိုးရိမ်
ကြောင်း ၊ အရေးယူပိတ်ဆို့ကြောင်းလောက်သာ လုပ်နိုင်မှာဖြစ်ပြီး NUG ကိုထိရောက်တဲ့အကူအညီပေးနိုင်မှာမဟုတ်တော့ဘူး။
မလေးရှားနိုင်ငံက ရွေးကောက်ပွဲမှာ မဟာသီယာသာအနိုင်ရခဲ့ရင် အာဆီယံဟာလည်း လက်ရှိအနေအထားထက်ပိုပြီး မြန်မာနိုင်ငံအပေါ်ဖိအားပေးနိုင်မှာ မဟုတ်သလို NUGကိုလည်း လက်ရှိ အခြေအနေထက်ပိုပြီး အကူအညီပေးနိုင်မှာ မဟုတ်တော့ဘူး။
ဒါက ပြည်ပ အခြေအနေ။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းက အခြေအနေကို
ပြန်ကြည့် မယ် ဆိုရင် -
တန်ဆောင်မုန်းလပြည့်နေ့က ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှု အနေအထားတွေအရ ပြည်သူတွေဟာ နွေဦးတော်လှန်ရေး ဆိုတာကြီးကို စိတ်ဝင်စားမှု မရှိတော့ဘူးဆိုတာ သိသာထင်ရှားတယ်။
ပါတီဘက်ကို ကြည့်ရအောင်
မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း (၉၀)ကျော်အနက် (၅၆)ပါတီဟာ UEC နဲ့ ဆွေးနွေးနေတယ်။
EAO ဘက်ကို ပြန်ကြည့်ရအောင်
NCA လက်မှတ်ထိုးထားတဲ့ (၁၀) ဖွဲ့ အနက် (၉) ဖွဲ့က နစက နဲ့ အဆင်ပြေနေတယ် ၊
NCA လက်မှတ် မထိုးရသေးတဲ့(၁၁) ဖွဲ့အနက် (၈)ဖွဲ့ကနစက နဲ့ အဆင်ပြေနေတယ်လို့ ဆိုတယ်။
အဲ့ဒီတော့ နစက နဲ့ အဆင်မပြေတဲ့ EAO အဖွဲ့(၄)ဖွဲ့ပဲ ကျန်မယ်။ အဆင်ပြေတဲ့ နေရာတွေက တပ်အင်အားကို နှုတ်အဆင်မပြေတဲ့ (၄)နေရာကို စုပြုံပြီး အင်အားအသုံးပြုမယ်ဆိုရင် အဆင်မပြေတဲ့ EAO တွေ ဘာလုပ်ကြမှာလဲ?
အလားတူပဲ...
PDF တွေ အခြေအနေကို ပြန်ကြည့်ရအောင်
မြန်မာပြည်မှာ မြို့ပေါင်း ၃၃၀ ရှိတယ်။
PDF တွေ ဘယ်နှစ်မြို့သိမ်းပြီးပြီလဲ?
လက်ရှိ အခြေအနေအရ PDF တွေအားကောင်းတဲ့နေရာဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်အချို့မှာပဲရှိတော့တယ်။
ဖေ ၁ ရက်နေ့မှာ နစက က ကာလုံကိုအာဏာလွှဲပြီးရင်ကာလုံအနေနဲ့ သုံးလအတွင်း တရားဥပဒေစိုးမိုးရေးကိုဖိဖိစီးစီးလုပ်မယ်ဆိုရင် မင်းဘယ်ပြေးမလဲ PDF ဆိုတဲ့ဘဝ ရောက်သွားမှာဖြစ်တယ်။
ပြောချင်တာက...
ပေါက်ဖော်ကြီးရဲ့ သဘောထား
US နဲ့ NATO တို့ကို ရုရှားက ဖိထားတဲ့အခြေအနေ
အာဆီယံက နစကအပေါ် လက်ရှိအနေအထားထက်ပိုပြီးဖိအားမပေးနိုင်တဲ့ အဖြေ။
ပြည်တွင်းက ပြည်သူတွေက NUG နဲ့ PDF အပေါ် စိတ်ဝင်စားမှု ၊အားပေးမှု ။
စစ်ရေးအရ EAO တွေအပေါ်အရေးသာလာတဲ့ ကြည်းရေလေ စုပေါင်းစစ်ဆင်မှု၊
ရွေးကောက်ပွဲ အပေါ်ပါတီတွေရဲ့ စိတ်ဝင်စားမှု အစရှိတဲ့အချက်အလက်တွေကို စီစစ်သုံးသပ်မယ်ဆိုရင်!
ထွက်ပေါက်မရှိဘူးဆိုတာ ဟုတ်ပါ့မလား?
(ဆီမီးအိမ်)
Post a Comment