နွားထိုးကြီးမြို့နယ် မြင်းခြံ-ရေဝန်းသွားကားလမ်းဘေးရှိ ကွမ်းယာဆိုင်တွင်း ထိုင် နေသော အမျိုးသမီးနှစ်ဦးကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ မြင်းခြံ-ရေဝန်းသွားကားလမ်းဘေးရှိ ကွမ်းယာဆိုင်တွင် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အမျိုးသမီးနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။

အဆိုပါရပ်ကွက်တွင် နေထိုင်သူများဖြစ်သည့် ဒေါ်စန်းမာလာကျော် (၄၅) နှစ် နှင့် ဒေါ်ဝင်းဝင်းမြင့် (၆၁) နှစ်တို့သည် အခင်းဖြစ်နေရာရှိ ကွမ်းယာဆိုင်အတွင်း ထိုင်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် ပီဒီအက်(ဖ်) အကြမ်းဖက်သမားအမျိုးသားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းမာလာကျော်နှင့် ဒေါ်ဝင်းဝင်းမြင့်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

Channel:
https://t.me/newsofmyanmar

Post a Comment

Previous Post Next Post