အာဆီယံနိုင်ငံတွေမှာ လာမည့် ၂ ပတ်အတွင်း ကျင်းပမည့် အစည်းအဝေးသုံးခုကို ကမ္ဘာခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိနေ

နိုဝင်ဘာ ၁၁ ရက်ကစလို့ ဖနွမ်းပင်၊ ဘာလီနဲ့ ဗန်ကောက်တို့မှာ အာဆီယံ၊ G20 နဲ့ အေပက်အစည်းအဝေးတွေရှိနေပြီး ‌ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်ဖို့ ရှိ‌နေပါတယ်။

ဖနွမ်းပင်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ အမေရိကန်သမ္မတ ဘိုင်ဒင် တက်ရောက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပြီး မြန်မာ့အရေး ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချကြမယ်လို့ ဆိုပါတယ်။

အာဆီယံဟာ ဖြစ်စဉ်ဖြစ်ပွား‌ခဲ့တဲ့ သက်ဆိုင်သူနိုင်ငံမပါဘဲ ထိုနိုင်ငံအကြောင်း ဆွေးနွေးနေခဲ့တာ ၁ နှစ် ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။

Post a Comment

Previous Post Next Post