ကျနော်တို့ ရခိုင်ပြည်နယ်ဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အေးအေးချမ်းချမ်းနဲ့ ရိုးသားစွာ လုပ်ကိုင်စားသောက်နေထိုင်ခဲ့ကြတယ်၊ အခုချိန်မှာဆိုရင် တစ်ချိန်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ ဘုရင့်နိုင်ငံဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသားရေးအတွက်ဆိုပြီး အသံကောင်းဟစ်လာတဲ့ AA ကြောင့် ရခိုင်ပြည်မှာ ဗုံးဆံ၊ အမြောက်ဆံ ယမ်းခိုးယမ်းငွေ့တွေအောက်မှာ အသက်ပေါင်းများစွာ ဆုံးရှုံးနေရပြီး ပြည်ပျက်အဖြစ်ကို ဦးတည်နေပါတယ်။
တစ်ချိန်တုန်းက မူးယစ်ဆေးဝါးဆိုတာ ဘာမှန်းမသိခဲ့တဲ့ ရခိုင်ပြည်ဟာ အတ္တဆန်လူတစ်စု ကောင်းစားရေး AA ရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် ရခိုင်လူငယ် လူရွယ်တွေရဲ့ အနာဂတ်ပန်းတိုင် ပျောက်တော့မယ့်အရေး တွေးမိတိုင်း ရင်မောနေရပါတယ်၊ ဒီမူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပြီးတော့လည်း တစ်နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်တွေ ပေါများလာလို့ ရခိုင်ပြည်သူတွေမှာလည်း ကျီးလန့်စာစား ဖြစ်နေရပါတယ်။
နောက်တစ်ခုက ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအတွက် လက်နက်ကိုင် နေပါတယ်ဆိုတဲ့ AA အဖွဲ့ဟာ ဘင်္ဂါလီအရေးနဲ့ပတ်သက်လာရင် ရခိုင်တိုင်းရင်းသားတွေကို ဂရုမစိုက်ဘဲ သူတို့အဖွဲ့ရဲ့ အကျိုးကိုဘဲကြည့်တဲ့ အဖွဲ့အစည်းဆိုတာ ထင်ရှားနေပါတယ်၊ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကလည်း ရခိုင်တိုင်းရင်းသားတွေလည်း လက်မခံ၊ တစ်နိုင်ငံလုံးကလည်း လက်မခံထားတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုသွားတယ်၊ သူတို့အလိုကျ ဘာဖြစ်လို့ ပြောဆိုသုံးနှုန်းရတာလဲ ? ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ AA အဖွဲ့တွေ အေးအေးဆေးဆေးနဲ့ နေနိုင်ဖို့လား ? ဒီထက် ပိုတွေးကြည့်ရင် OIC က AA ကို လုံးဝ ထိန်းချုပ်လိုက်ပြီလား ? ဆိုတာ ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။
၂၀၁၂ / ၂၀၁၇ အဖြစ်အပျက်မျိုးကို ပြန်ကြည့်ရင်း သင်ခန်းစာယူရမှာဖြစ်ပါတယ်၊ ဒီလိုအဖြစ်ပျက်မျိုးထပ်မံဖြစ်ပွားလာရင် AA က ခေါင်းဆောင်ဆိုသူတွေကတော့ မိသားစုနဲ့ နိုင်ငံခြားမှာ အေးအေးဆေးဆေးပဲ နှပ်နေကြမှာဖြစ်ပါတယ်။
ရခိုင်ပြည်ကို စစ်တလင်းလုပ် လူငယ်တွေ အနာဂတ်ပျောက်ချိန်မှာ အနောက်တံခါးကို ဖွင့်ဟပေးပြီး သူခိုးဓားရိုးကမ်း လုပ်ရပ်တွေလုပ်နေတဲ့ AA ဟာ ရခိုင်ပြည်အတွက် အလင်း မဟုတ်၊ ရင်လေးဖွယ်ရာ အမှောင်ကိုယူဆောင်လာတာဖြစ်တဲ့အတွက် ကျနော်တို့ ရခိုင်ပြည်သူများအနေနဲ့ စဉ်းစားချင့်ချိန် ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
#MayYuHtarNay

Post a Comment