အလုံမြို့နယ်ရှိ သခင်မြပန်းခြံထောင့်ရှိ သန့်စင်ခန်း၌ပေါက်ကွဲမှုဖြစ်ပွား၊ ယင်းသန့်စင်ခန်း၌ပင် မပေါက်ကွဲသေး သည့် ဗုံးတစ်လုံးထပ်မံတွေ့ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ သခင်မြပန်းခြံထောင့်ရှိ အများသုံး သန့်စင်ခန်းအတွင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါ သန့်စင် ခန်း၌ပင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့ရကြောင်း  သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ သခင်မြပန်းခြံထောင့်ရှိ အများသုံး သန့်စင်ခန်းအတွင်းရှိ အခန်းတစ်ခုအတွင်း၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ သန့်စင်ခန်းအတွင်း ရှိ အခန်းတစ်ခုတွင်လည်း လက်လုပ်ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့သဖြင့် ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သန့်စင်ခန်းသည် သခင်မြပန်းခြံထောင့်နှင့် YBS 56 ဂိတ်အနီးရှိတွင် တည်ရှိပြီး၊ ပန်းခြံလာရောက်သူများနှင့် ခရီးသွားပြည်သူများ အသုံးများသည့် သန့်စင်ခန်းတစ်ခုဖြစ်သည်။

#PeopleMedia

Post a Comment

Previous Post Next Post