မြေပြင်တပ်မှုးတစ်ယောက်ရဲ့စိတ်ထား



အမြောက်တွေကျည်ထိုးပြီးတဲ့အချိန်
ပစ် ဆိုတဲ့အမိန့်ပေးတဲ့အသံရဲ့နောက်ကွယ်မှာ
မင်းတို့တစ်တွေ သေကျေဒဏ်ရာရပါစေဆိုတဲ့
ဆုတောင်းအစား ……

တစ်ဘို့ထဲကြည့်တတ်တဲ့ မင်းတို့
ခေါင်းဆောင်တွေရဲ့လူမျိ ုးရေး
မှိုင်းတိုက်မှုတွေကို ပျောက်သွားစေတဲ့
အကြောက်တရားတွေ ၀င်သွားပါစေဆိုတဲ့
ဆန္ဒ အမြောက်ပစ်မိန့်ပေးတိုင်းမှာရှိတယ်။

တက် ဆိုတဲ့အမိန့်ပေးပြီး ကိုယ်တိုင်
ပစ်တက် တက်ရတဲ့မိန့်နောက်မှာ
မင်းတို့တစ်တွေ များများသေပါစေဆိုတဲ့
ဆုတောင်းအစား ……

မြန်မြန်ဆုတ်သွားရင်ကောင်းမှာပဲဆိုတဲ့ဆန္ဒ
မြေပြင်တပ်မှူ းတိုင်းမှာရှိတယ်။

( လုံးထွေးသတ်ပုတ်ရမှာကြောက်လို့မဟုတ်ဘူး
ဘာအတွက်စစ်တိုက်နေရလဲမသိဘဲ မင်းတို့အသက်တွေ
အလဟသ မဆုံးရှုံးစေချင်လို့᠌᠌᠌ ᠌᠌)

တိုက်ပွဲတစ်ခုပြီးလို့ အလောင်းလက်နက်
များများရပါစေဆိုတဲ့ဆုတောင်းအစား …

မင်းတို့တစ်တွေ အမြင်မှန်ရပြီး
အလင်း၀င်တဲ့သူများများရပါစေဆိုတဲ့
ဆန္ဒမြေပြင်တပ်မှူ းတိုင်းမှာရှိတယ်။

(စစ်ဆိုတာအနိဋ္ဌာရုံတွေပဲမို့လို့᠌᠌᠌ ᠌᠌)

စခန်းတစ်ခုကိုအောင်မြင်စွာသိမ်းပိုက်ရရှိဆိုတဲ့
သတင်းအစား ……

ငြိမ်းချမ်းရေးဆွေးနွေးပွဲ
အောင်မြင်ခြင်းဆိုတဲ့သတင်းပဲကြားချင်တဲ့ဆန္ဒ
ငါတို့စစ်သားတိုင်းမှာရှိတယ်။

(စစ်တိုက်ရမှာကြောက်လို့မဟုတ်ဘူး
မင်းတို့ငါတို့က တိုင်းရင်းသားညီအကိုတွေဖြစ်နေလို့᠌᠌᠌ ᠌᠌)

စစ်ငြိမ်းအေး
#Credit

Post a Comment

Previous Post Next Post