တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုး ၈၅ ဦးကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရှိ မြမာလာရပ်ကွက်၊ လယ်ကွင်းအတွင်းမှ နိုဝင်ဘာ (၃) ရက် ညပိုင်းနှင့် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းအချိန်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
ဖမ်းဆီးရမိသူများထဲတွင် ဘင်္ဂါလီ အမျိုးသမီး ၃၀ ဦးနှင့် အမျိုးသား (၅၅) ဦးအပြင် ၎င်းဘင်္ဂါလီများအား အခကြေးငွေယူဆောင်ကာလိုက်ပါပို့ဆောင်ပေးသူ ပွဲစားအမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ကိုလည်း ဖမ်းဆီးရမိထားသည်ဟုဆိုသည်။
ဖမ်းဆီးရမိသူအားလုံးကို သက်ဆိုင်ရာ လ.ဝ.က မှ တရားလိုပြုလုပ်၍ သက်ဆိုင်ရာရဲစခန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
#mhtnews
https://t.me/mnk1985/80095?single

Post a Comment