အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ


🔷🔷🔷🔷🔷
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက် တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
🔷 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင်
✅ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ အတွင်း ကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက် တာလှုပ်ရှားမှု ကာလဖြစ်ပါကြောင်း၊
✅ ၁၆ ရက် တာလှုပ်ရှားမှုများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ ကျား၊မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအတွက် အသိအမြင်ကျယ်လာပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှပပျောက်စေရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လာနိုင်ဖို့ ဖြစ်ပါကြောင်း၊
✅ ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဆောင်ပုဒ်မှာ “UNiTE! Activism To End Violence against Women & Girls”: “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစု လှုပ်ရှားပေး” ဖြစ်ပါကြောင်း၊
✅ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား စဉ်ကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားမှုနှုန်းမှာ ပိုမိုများပြားလာ သည်ကို လေ့လာတွေ့ရှိချက်များအရ သိရှိရပါကြောင်း၊
✅ မြန်မာနိုင်ငံသည် “ကျားမ တန်းတူညီမျှမှု ရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကား တိုးမြှင့်စေရေး” ဆိုသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် နံပါတ် (၅) ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း UNCEDAW ၏ အကြံပြုချက်များ၊ ဘေဂျင်းကြေညာစာတမ်း ပါလုပ်ငန်းများ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်များ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်နှင့် အာဆီယံဒေသတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းများအား ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊
✅ ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို သတင်းပို့ တိုင်ကြားနိုင်ရန် (၂၄) နာရီ Helpline တယ်လီဖုန်း နံပါတ်“1566” ဖြင့် ဝန်ဆောင်မှုပေးခြင်း၊ Viber, Facebook Page Messenger များ တည်ထောင်ထားခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊
✅ ထို့ပြင် အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နဲ့ အသက်မွေးဝမ်းကျောင်း စရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများအဖြစ် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်၊ မုံရွာမြို့နဲ့ စစ်တွေမြို့ စသည့် နေရာ(၇)ခုမှာ One Stop Women Support Center -OSWSC)များကို ဖွင့်လှစ်ထားရှိခြင်း၊ အခြားသော ဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
✅ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖယ်ရှားပပျောက်စေရန်အတွက် အစိုးရကချည်း ဆောင်ရွက်နေ၍မရဘဲ ပြည်တွင်း၊ ပြည်ပ အစိုးရ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်  အားလုံးအတူတကွ  ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
🔷 ဆက်လက်၍ အခမ်းအနားကို ကျင်းပခဲ့ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဆောင်းပါးပြိုင်ပွဲမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ အသိပညာပေး Video Clip ပြသခြင်းနှင့် Physical Fitness Dance ဖြင့် ကပြဖျော်ဖြေခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
🔷 အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အမျိုးသမီးကော်မတီနဲ့ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရဌာနများနဲ့ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း (၁၁၆) ဦး in person ဖြင့် တက်ရောက်ခဲ့ကြပါသည်။ 🪷

photo = လူကယ်ပြန်

#kokhant

https://t.me/mnk1985/82497

Post a Comment

Previous Post Next Post