ပြည်ပနိုင်ငံများသို့ ကူးစက်လာနေတဲ့ ဆန္ဒပြပွဲများ


တရုတ်နိုင်ငံမှာ ကိုဗစ်လော့ဒေါင်းချထားမှုကို ပယ်ဖျက်ပေးဖို့နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တို့အတွက် ဆန္ဒပြပွဲတွေဖြစ်ပေါ်လာတာ ဒီကနေ့နဲ့ဆို ၄ ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပါပြီ။

ယခုအခါမှာတော့ တရုတ်နိုင်ငံမှာတင်မက ပြည်ပရောက်တရုတ်လူမျိုးတွေပါ တရုတ်အစိုးရကို ဆန္ဒပြမှုမှာ တသားတည်းဖြစ်ကြောင်းပြသဖို့ ပါဝင်ပူးပေါင်းလာကြပါတယ်။ အနည်းဆုံး ကမ္ဘာတဝှမ်းက မြို့ကြီးတဒါဇင်မှာနေထိုင်တဲ့ တရုတ်လူမျိုးတွေဟာ ကိုဗစ်လော့ဒေါင်းမကျေနပ်လို့ ဆန္ဒပြခဲ့ကြပါတယ်။ ပြည်ပရောက် ကျောင်းတက်နေသူတွေနဲ့ အလုပ်လုပ်နေသူတွေ ပူးပေါင်းကာ ရာချီဆန္ဒပြနေကြတာပါ။

တရုတ်အစိုးရရဲ့ ဇီးရိုးကိုဗစ်ပေါ်လစီဟာ စီးပွားရေးတိုးတက်လာစရာ အကြောင်းမရှိဘဲ ပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်းရှားပါးကာ လူမှုစီးပွားဘဝတွေ ဟန်ချက်ပျက်ကုန်မယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ဒီလိုပြည်သူတွေ လမ်းပေါ်ထွက် ဆူပူအုံကြွမှုဟာ ရှီကျင့်ပင်လက်ထက် ၁၀ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

#fossilnews

Post a Comment

Previous Post Next Post