တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၀ )

ရှေ့တန်းအမှတ်(၄၄)ခြေမြန်တပ်မ ဟာ..
ပိန်းပိတ်မှောင်နေတဲ့ကြားကပဲ ဝါးခသစ်စခန်းရဲ့ရှေ့မျက်နှာစာတည့်တည့်ကနေ....မိုင်ကွင်းနဲ့ ခြံစည်းရိုးအတားအဆီးတွေကို ထိုးဖောက်ဝင်ရောက်နေခဲ့ပြီး ည ၁၁နာရီချိန်မှာတော့ စည်းရိုးခြောက်ထပ်ကို ဖျက်ဆီးဝင်ရောက်နေပြီဖြစ်ပါတယ်..
-
၁၉၉၂ သြဂုတ်(၄)ရက်နေ့မှာ ကေအန်ယူအဖွဲ့က
ဦးစီး ဖွဲ့စည်းပေးခဲ့တဲ့ NCUB ဟာ အရင်ရှိနှင့်ပြီး
သား DAB , NDF , NLD ( LA ), NCGUB တို့ကို
စုစည်းပြီး ပြန်လည်တည်ထောင်ခဲ့တာဖြစ်ပေမယ့်
သူ့ရဲ့နိူင်ငံရေးအံတုမှု ကော်မတီက ထိုးနှက်ချက်
တွေဟာ တပ်မတော်အစိုးရအဖို့တော့ အတော့်ကို
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းခဲ့ပါတယ်…။
-
၁၉၉၄ မတ်လ ၂၃ ရက်နေ့ကနေ ဇွန်လ ၁၅ ရက်
နေ့အတွင်းမှာတော့ ကေအန်ယူက ဗိုလ်ချုပ်မြ
ကိုယ်တိုင် အမေရိကန်ကိုသွားရောက်ခဲ့ပြီး Carter
Center မှာ အချက် (၇)ချက်ပါတဲ့ စာတမ်းတစ်
စောင်ကို တင်သွင်းခဲ့ပါတယ်။ ဒီစာတမ်းရဲ့တောင်း
ဆိုချက်ကတော့အမေရိကန်အစိုးရအနေနဲ့ မြန်မာ
ပြည်အပေါ်ပိတ်ဆို့အရေးယူမှုတွေ ပြင်းပြင်းထန်
ထန်ဆောင်ရွက်ပေးဖို့ပါပဲ၊ ဒါဟာ…မြန်မာနိူင်ငံ
အပေါ် မကြာခင် ပြင်းပြင်းထန်ထန်ပိတ်ဆို့ခံရ
တော့မယ့် နိူင်ငံတကာက နိူင်ငံရေး၊ စီးပွားရေး
ပိတ်ဆို့မှုတွေရဲ့အကြောင်းခံတစ်ခုလည်းဖြစ်ပါ
တယ်….။
-
၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှာ ပွိုင့်
၄၀၄၄ ခွေးအိပ်တောင်စခန်းက အမှတ်(၆)အမြောက်
တပ်ရင်း တပ်ရင်းမှူးဟာ စပစ်..ဆိုတဲ့အမိန့်သံ
တစ်ခုကို ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
-
ဒီအမိန့်ပေးသံဟာ မာနယ်ပလောဒေသတိုက်ပွဲ
စဉ်တွေရဲ့အစဖြစ်သလို ၁၉၉၂ ခုနှစ် ဧပြီ ၂၈
ရက်နေ့မှာတပ်မတော်က တဖက်သတ်ရပ်စဲပေး
ခဲ့တဲ့အပစ်အခတ်ရပ်စဲရေးရဲ့အဆုံးသတ်လည်း
ဖြစ်ပါတယ်။
-
တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲ
ရေးအောင်မြင်သွားတဲ့ တပ်မတော်အစိုးရဟာ
ဒီထိုးစစ်မဆင်မီကာလအတွင်းတော့ နိူင်ငံတကာ
သံခင်းတမန်ခင်းဆောင်ရွက်ချက်တွေမှာ သိပ်
အဆင်ပြေ လှတယ် မဟုတ်ပါဘူး။
-
နေအိမ်အကျယ်ချုပ်နဲ့အတိုက်အခံပါတီခေါင်း
ဆောင်ကို နိူဘယ်ဆုချီးမြှင့်လိုက်ပြီးတဲ့နောက်မှာ
ပြည်ပနိူင်ငံအတော်များများမှာသွားရောက်စု
စည်းမိကြတဲ့အတိုက်အခံအင်အားစုတွေဟာ
တစ်နေ့တစ်ခြားတိုးပွားလို့လာနေပါတယ်.။
သူတို့ထဲမှာ မဆလပါတီလက်ထက်ကတည်းက
ရောက်ရှိအခြေကျနေတဲ့သူတချို့ပါဝင်ပေမယ့်
အများစုကတော့ ၈၈ အရေးအခင်းရဲ့မျိုးဆက်
တွေဖြစ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပကို
ရောက်ရှိ စုစည်းမိလာလို့ အသင်းအဖွဲ့များအနေ
နဲ့ရပ်တည်လာကာ နိူင်ငံခြားသားအချို့ပါ ပါဝင်
လာခဲ့ပါတယ်။
-
သူတို့ရဲ့ တူညီတဲ့ရည်မှန်းချက်ကတော့ အပြည်
ပြည်ဆိုင်ရာအသိုင်းအဝိုင်းများက တပ်မတော်
အစိုးရအပေါ်ဖိအားပေးပိတ်ဆို့မှုတွေပြုလုပ်ပြီး
အစိုးရပြုတ်ကျသွားစေဖို့ပါပဲ။
-
၁၉၉၅ ခု ဇန်နဝါရီလ (၂၂) ရက်နေ့ည ၁၀ နာရီ
ဝန်းကျင်လောက်မှာ ရှေ့တန်းအမှတ်(၆၆) ခြေ
မြန်တပ်မရဲ့လက်အောက်ခံတပ်ရင်းတွေဟာ
သံလွင်မြစ်ကို နေရာသုံးခုကနေ တဟုန်ထိုးဖြတ်
ကျော်ဝင်ရောက်လျှက်ရှိသလို ရှေ့တန်းအမှတ်
(၂၂)ခြေမြန်တပ်မက တပ်ရင်းတွေကတော့ အရှေ့
တောင်အာရှရဲ့နာမည်ကျော် နော်တခံစစ်ကြောင်း
ကို တရကြမ်းဝင်ဆောင့်ဖို့ချီတက်နေပါပြီ။
-
တပ်မ(၂၂)ရဲ့အောက်ဘက် မိုင်၄၀ ခန့်အကွာမှာ
ရှေ့တန်းအမှတ်(၄၄)ခြေမြန်တပ်မဟာ ပိန်းပိတ်
မှောင်နေတဲ့ကြားကပဲ ဝါးခသစ်စခန်းရဲ့ရှေ့မျက်
နှာစာတည့်တည့်ကနေ မိုင်းကွင်းနဲ့ခြံစည်းရိုးအ
တားအဆီးတွေကိုထိုးဖောက်ဝင်ရောက်နေခဲ့ပြီး
ည ၁၁နာရီချိန်မှာတော့ စည်းရိုးခြောက်ထပ်ကို
ဖျက်ဆီးဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါဟာ သုံး
နှစ်နီးပါး ကမ်းလှမ်းခဲ့တဲ့အပစ်အခတ်ရပ်စဲရေး
ငြင်းပယ်မှုရဲ့ရလာဒ်ဖြစ်သလို ၁၉၉၄ ဒီဇင်ဘာ
(၁)ရက်နေ့မှာ ကေအန်ယူကခွဲထွက်လာတဲ့ ဒီကေ
ဘီအေအဖွဲ့ကို ဝင်ရောက်အကာအကွယ်ပေးခြင်း
လည်းဖြစ်ပါတယ်။
-
၂၃.၁၁.၉၄ ရက်နေ့မှာ မြစ်ဆုံဒေသ သုမွဲထ
ကျေးရွာမှာ တည်ထားတဲ့ ဖောင်တော်ဦးစေတီနဲ့
ပတ်သက်ပြီး ဗိုလ်ချုပ်မြရဲ့ဖိအားပေးခြင်းကိုခံရတဲ့
မြိုင်ကြီးငူဆရာတော်ဟာ သာသနာပြုလုပ်ငန်းများ
ရပ်ဆိုင်းပြီး မြိုင်ကြီးငူဒေသကို ပြန်ကြွသွားခဲ့ပါတယ်။
-
ဆရာတော်ကိုဖူးမျှော်ဖို့ရောက်လာတဲ့ ကေအန်ယူ
တပ်ရင်း(၂)မှ ဒုတပ်ရင်းမှူး ကျော်ဟဲနဲ့ ရဲဘော်များ
ဟာ ဒီအဖြစ်အပျက်ကြောင့် …..မြိုင်ကြီးငူဒေသထိ
ချီတက်သွားပြီး၊ မြိုင်ကြီးငူနဲ့ သော်လဲထ စခန်းကြား
သံလွင်မြစ်ရိုးကို ကေအန်ယူတပ်ဖွဲ့တွေကို ဝင်ခွင့်
မပေးတော့ပဲ စတင်ပိတ်ဆို့ထားလိုက်ပါတယ်။
-
မကြာခင်ပဲ ကေအန်ယူတပ်မဟာ ၁ ၊ တပ်မဟာ(၆)
နဲ့ တပ်မဟာ(၇)က အင်အားများပါ ပူးပေါင်းပါဝင်
လာပြီး ၁၉၉၄ ဒီဇင်ဘာ (၁)ရက်နေ့မှာ DKBA အဖွဲ့
ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
-
၁၉၉၅ ဇန်နဝါရီ ၅ ရက်နေ့မှာတော့ ကေအန်ယူ
တပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ဒီကေဘီ
အေအဖွဲ့ကိုထိုးစစ်ဆင်ချေမှုန်းနေပြီဖြစ်ပါတယ်။
သံလွင်မြစ်ကို ဖြတ်ကူးလာတဲ့ အမှတ်(၆၆)ခြေမြန်
တပ်မဟာ မြောက်ဘက်စစ်မျက်နှာမှာ ပွိုင့် ၁၈၀၁၊
တောင်ဘက်စစ်မျက်နှာမှာ ဘော်နော်စခန်းနဲ့
အလယ်တည့်တည့်ကတော့ ဆင်ဖြူတောင်စခန်း
များကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်သိမ်း
ပိုက်ခဲ့ပြီး နော်တခံစစ်ကြောင်းကိုထိုးဖောက်နေတဲ့
တပ်မ(၂၂ )ရဲ့တပ်ရင်းတွေကတော့ နော်တခံစစ်

ကြောင်းရဲ့စစ်ဗျူဟာအရေးကြီးမြေ ကျောက်တောင်
ကုန်းစခန်းကို စီးနင်းသိမ်းပိုက်လိုက်ပါတယ်။
-
ဒီစခန်းကျဆုံးသွားတဲ့အတွက် နော်တခံ
စစ်ကြောင်းက ခံစစ်စခန်းအများအပြားဟာ
တပ်မ(၂၂)တိုက်ခိုက်ရေးတပ်ရင်းတွေရဲ့
ဝင်ရောက်လုံးထွေးမှုကိုခံကုန်ရပြီး ဇန်နဝါရီ
၂၅ရက်နေ့မှာတော့ အဓိကခံစစ်ဖြစ်တဲ့ ကြယ်
ပြောင်ကုန်းစခန်းကျဆုံးသွားခဲ့ပါတယ်။
-
ညနေ ၄ နာရီ ၃၀ ချိန်မှာတော့ ခံစစ်ကုန်း
အားလုံး နဲ့ ABSDF ရင်း(၂၀၇) ဌာနချုပ်
အပါအဝင် နော်တ ခံစစ်ဒေသကြီးတခုလုံး
ဟာ အမှတ်(၂၂) ခြေမြန်တပ်မရဲ့ ချေမှုန်းသိမ်း
ပိုက်မှုကို ခံလိုက်ရပါပြီ။ မာနယ်ပလောဌာန
ချုပ်ကို ချီတက်နေတဲ့ တပ်မ(၆၆)ကတော့
ဇန်နဝါရီ ၂၅ ရက်နေ့တစ်ရက်လုံးလုံး အပြင်း
အထန်တိုက်ခိုက်နေရပြီး ၂၆ ရက်နေ့မှာ ပွိုင့်
၅၉၅ တောင်ကုန်းနဲ့ချောင်းဆုံတောင်ကုန်းတို့
ထိ ဝင်ရောက်တိုက်ခိုက်နေရာယူထိန်းချုပ်လိုက်
နိုင်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ သောင်ရင်းမြစ်
အနောက်ဘက်ပွိုင့် ၉၁၃ စခန်းနဲ့ ပွိုင့် ၁၂၃၈
စခန်းဘက်ကချီတက်လာတဲ့စစ်ကြောင်းများဟာ
နေရာသုံးခုကနေ တပြိုင်တည်းထိုးဖောက်ဝင်
ရောက်လာပြီး မာနယ်ပလောကို အပြင်းအထန်
တိုက်ခိုက်ပါတော့တယ်။
-
၂၇.၁.၉၅ ရက်နေ့ညနေ ၅ နာရီ ၂၅ မှာတော့
ကေအန်ယူတို့ရဲ့ လွတ်မြောက်နယ်မြေ မာနယ်
ပလော ဗဟိုဌာနချုပ်တစ်ခုလုံးဟာ တပ်မ(၆၆)ရဲ့
သိမ်းပိုက်ချေမှုန်းခြင်းခံလိုက်ရပါပြီ…..။
-
မြစ်အောက်ဘက် မိုင် ၄၀လောက်အကွာမှာ
တိုက်ပွဲဝင်နေတဲ့ အမှတ်(၄၄) ခြေမြန်တပ်မ,ဟာ
စခန်းသိမ်းတိုက်ပွဲစတင်တာနဲ့တပြိုင်နက်
တပ်မရဲ့အမာဆုံးတပ်ရင်းများကိုရွေးထုတ်ပြီး
ဘယ်ဘက်စစ်မျက်နှာစာမှာ တပ်ရင်း ၂ရင်း၊
ညာဘက်စစ်မျက်နှာစာမှာ တပ်ရင်း ၂ ရင်း၊
စုစုပေါင်း တပ်ရင်း လေးရင်းနဲ့ တပ်ဖြန့်ဖို့ခက်ခဲ
လှတဲ့ ဝါးခသစ်စခန်းရဲ့အိုမီဂါပုံ မျက်နှာစာကို
တနေကုန် အကြိမ်ကြိမ် ဇွဲနဘဲကြီးစွာနဲ့ဝင်ဆောင့်
နေခဲ့ပါတယ်။ အကျအဆုံးဟာ ကြောက်ခမန်း
လိလိများပြားလှပေမယ့် သူရဲမင်းရဲစီးသလို
အကြိမ်ကြိမ်လှံစွပ်ထိုးနေတဲ့စစ်သည်တွေကြောင့်
ညနေ သုံးနာရီဝန်းကျင်မှာတော့ ရန်သူ့ခံစစ်ဟာ
လုံးဝပြိုလဲသွားခဲ့ပြီး စစ်ကြောင်းနှစ်ခုလုံးဟာ
ဘန်ကာများအားလုံးကို လှံစွပ်ထိုး သိမ်းပိုက်လိုက်
ပါတယ်။ တပ်မ(၄၄)ဟာ ဖေဖေါ်ဝါရီ ၂၁ရက်နေ့မှာ
ဝါးခသစ်စခန်းကိုထိုက်ထိုက်တန်တန်သိမ်းပိုက်ရရှိ
သွားခဲ့ပါပြီ။
-
ဒီကျဆုံးမှုဟာ ကေအန်ယူအဖွဲ့အတွက်တော့
မြန်မာပြည်တွင်းမှာရှိတဲ့ နောက်ဆုံးအခြေစိုက်
စခန်းကိုလက်လွှတ်လိုက်ရတာဖြစ်သလို အနာ
ဂတ်ကာလမှာ ဘယ်လို စစ်ရေးလှုပ်ရှားမှုကြီး
ကြီးမားမားကိုမျှ ဆက်လက်လုပ်ဆောင်နိူင်ခြင်း
မရှိတော့မယ့်အခြေအနေလည်းဖြစ်ပါတယ်။
-
ဒေါနမြေက သေနတ်သံတွေကတော့ အတော်
အတန်စဲသွားခဲ့ပြီဖြစ်ပြီး၊ တပ်မတော်အနေနဲ့
သမိုင်းမှာဘယ်တုန်းကမှမရခဲ့ဖူးတဲ့ အသာစီး
အနေအထားကိုရရှိသွားပြီလည်းဖြစ်ပါတယ်။
Crd. နေရီ
#KT
အပိုင်း(၉)ဖတ်ရန်
https://m.facebook.com/story.php?story_fbid=pfbid023MZaVpNeGZMtMePdXY3dm35B3YYQfk9hJM8XE3axi3Bc1aMfndD4A5XbekDTDHtul&id=100086957463348&mibextid=Nif5oz

Post a Comment

Previous Post Next Post