နောက်ဆိုသေအောင်မှတ်ထား


အနုပညာသည်က အနုပညာသည်လိုနေ
ကိုယ့်ကျွမ်းကျင်ရာနယ်ပယ်မဟုတ်ရင်
အီး‌ယောင်မဝါးနဲ့။

ဆန္ဒတွေထွက်ပြနေကတည်းက
ဘယ်လမ်းထိသွားလိမ့်မယ်။
ဘယ်လမ်းမှာဆုံးလိမ့်မယ်ဆိုတာကို
နိုင်ငံရေးနယ်ပယ်က လူတွေက
ကြိုတင်သုံးသပ်ထားပြပြီးသား။

ဒါကိုလက်မခံဘဲ သူသူကိုယ်ကိုယ်ပါကြတာပဲဆိုတဲ့အထာနဲ့ for show တွေထွက်လုပ်ပြကြတယ်။

နာမည်ကြီးတွေဆိုတော့ ထွက်ပြတဲ့အခါ
သူများတွေထက် ထိရောက်သလို
အဆဲခံရတော့လည်း သူများတွေထက်
ပိုတာမဆန်းပါဘူး။

ထိရောက်ခဲ့တုန်းက မမြတ်လေးဆိုပြီး
ချစ်ပြခဲ့သူတွေ
အေးမြတ်သူကွဆိုပြီး ချီးကျူးခဲ့သူတွေကပဲ
အခုညီမတို့ကို ဆဲဆိုစော်ကားနေကြတာ။

နိုင်ငံရေးမှိုင်းမိသွားရင်
မိဘနဲ့ဆွေမျိုးမောင်နှမတောင်
သတ်ဖို့ဝန်မလေးတဲ့ထိ နိုင်ငံရေးအသိပညာ
အသိဉာဏ်နုံနဲ့တဲ့တိုင်းပြည်မှာ 
ညီမလို မင်းသမီးတစ်ယောက်ကတော့
စော်ကားပစ်ဖို့ သူတို့ကစာတောင်ဖွဲ့မနေဘူးဆိုတာသိ။

ငါဘယ်လောက်ထိ လုပ်ပေးခဲ့ပါစေ
အကောင်းမ‌ပြောပါလားလို့ တွေးနေတယ်မို့လား
မတွေးနဲ့ ညီမရေ
ညီမတို့က လုပ်ပေးခဲ့တာမဟုတ်ဘူး
မီးမွှေးခဲ့တာ မီးရှို့ခဲ့တာ ‌လောင်စာဖြည့်ခဲ့တာ
ဒါကြောင့် အခုလောင်တဲ့ မီးဟာ
ညီမတို့ပျိုးတဲ့ မီးတွေပဲ။

ဘဝကရုပ်ရှင်မဟုတ်ဘူးဆိုတာ
ဒီကာလမှာ အနုပညာသည်တွေသိလောက်ရောပေါ့။
နိုင်ငံရေးအကြောင်းမသိဘဲ
ဖြစ်စဉ်တွေကို နားမလည်ဘဲ
ရုပ်ရှင်ဆန်ဆန်စာသားတွေ ခံစားချက်တွေနဲ့
CDM ကြ မတရားမှုကို တွန်းလှန်ကြဆိုပြီး
မင်းသား မင်းသမီးဝင်လုပ်လိုက်ကြတော့
ဇာတ်သိမ်းလှသွားရောလား။😏

အခုဝော့ နီပြခဲ့တုန်းက အစိမ်းကလည်းမုန်း
မနီပြနိုင်ဝော့တဲ့အခါ အနီကလည်းမုန်းနဲ့
အနေမတတ်တဲ့ ပရိုမဆန်တဲ့
လက်ခုတ်သံတွေကိုပဲ မက်မောတဲ့
အနုပညာသည်တစ်သိုက် နှစ်ဖက်ချဉ်တွေ
ဖြစ်ကုန်ကြပြီ။

လက်ရှိတိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့သောကတွေ
CDM ဆိုတာကြီးကြောင့်
ဘဝပေါင်းများစွာ ပျက်ဆီးရမှုတွေ
အမြင်မတူရင် အကြမ်းဖက်လူသတ်မှုတွေအားလုံးအပေါ်
ဒီဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားကြသူအားလုံး
တာဝန်ရှိကြတယ်။

ဖင်လေးယားပြ ခံဝန်လေးထိုးပြီး
ငွေရှာနေနိုင်သေးတဲ့ အနုပညာသည်တွေက
ဘဝက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့
မျက်ရည်ချူတော့ သားသေ၊ အမေသေ၊ 
ဘဝပျက်၊ တောထဲကသူပုန်ဘဝ၊ ထောင်ထဲကအကျဉ်းသားဘဝတွေက 
နှစ်သိမ့်ပေးရမှာလား?

ကိုယ့်ဘဝပဲခါးတယ်ထင်ရင်
နင်တို့တွန်းပို့ခဲ့တဲ့ ဘဝတွေက 
ဆယ်ဆပိုခါးနေတာ မမေ့ကြနဲ့။

#SniperSu

Post a Comment

Previous Post Next Post