တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာအနီးတွင် Myeik District PDF အဖွဲ့မှ ဒုတပ်စိပ်မှူး (၂) ဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ သည့်တိုက်ပွဲတွင် Myeik District PDF အဖွဲ့မှ ဒုတပ်စိပ်မှူး ၂ ဦး သေဆုံးခဲ့ကြောင်း ယင်း PDF အဖွဲ့မှ ထုတ် ပြန်ထားသည်။

တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့ သည့်တိုက်ပွဲတွင် မြိတ်ခရိုင်၊ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ မှ ဒုတပ်စိပ်မှူး ပျံလွှားနှင့် ဒုတပ်စိပ်မှူး လူ တော်တို့သည် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။

#PeopleMedia

Post a Comment

Previous Post Next Post