တောင်တွင်းကြီး NLD အမတ်ဟောင်းကို အကြမ်းဖက်ပုဒ်မ ၈ ခုနဲ့ ထောင်ဒဏ် ၁၄၈ နှစ်ချမှတ်၊ စုစုပေါင်း ထောင်ဒဏ် ၁၇၃ နှစ်ချမှတ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်က NLD ပါတီရဲ့တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင် ဆိုသူကို မကွေးတိုင်းခရိုင်တရားရုံးက ဒီနေ့အောက်တိုဘာလ ၃၁ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ရှစ်ခုနဲ့ ထောင် ၁၄၈ နှစ်ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ ယခင်ကလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ - က အပါအဝင် အမှုငါးမှုနဲ့ထောင် ၂၅ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ထားတာဖြစ်လို့ ယခုပြစ်ဒဏ်နဲ့ဆိုရင် စုစုပေါင်းထောင်ဒဏ် ၁၇၃ နှစ်အထိ ကျခံရတော့မှာပဲဖြစ်ပါတယ်။
#mhtnews

Post a Comment

Previous Post Next Post