pdf တစ်ဦး မစဖ(တပ်ကုန်း)ကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့.....
အကြောင်းစုံကတော့
fb ပေါ်က Nyi Nyi Lin (Htet Gyi) ဆိုတဲ့သူက
သွေးဆောင်ပြီး pdf ထဲဝင်ချင်ရင် တောင်ငူကို
လာခဲ့ လိုပြောလို အသက်(၁၈)နှစ်သာရှိသေးတဲ့
တပ်ကုန်းသားလေးဟာ နို ၇ ရက်နေ့မှာ
တောင်ငူကို သွားခဲ့တယ် ..
ဟိုရောက်တော့ ဘယ်နေရာမှန်းမသိတဲ့
တောထဲတစ်နေရာက စခန်းကို မျက်လုံးအုပ်ပြီး
ခေါ်သွားတယ် ..
အဲ့စခန်းမှာမိန်းကလေး ၃ ယောက်နဲ့ ယောက်ျားလေး ၁၀ ယောက်ခန့်ရှိပြီး တပ်ကုန်းသားလေးက
အသစ်ဆိုတော့ အောက်ခြေသိမ်း အကုန်လုပ်ရတယ် ..ရေခပ်၊ ထင်းခွေ၊ ထမင်းချက်၊ အိမ်သာဆေး ရတယ် .
မိန်းကလေးတွေကျတော့ ဟင်းချက်ရပြီး ညအချိန်
ရောက်ရင် ယောက်ျားလေးတွေနေတဲ့ တဲအိမ်တွေ
ဆီသွားပြီး တစ်ခန်းဝင်၊ တစ်ခန်းထွက် လိုက်လံ
နှိပ်နယ်ပေးရတယ် .. သူတိုပြောတာကတော့
အကြောလျော့ ပေးခိုင်းတာတဲ့ ...
စခန်းထဲရောက်နေသူအားလုံး ဘယ်မှ သွားလာခွင့်မရှိဘူး .. ဖုန်းမပြောရဘူး .. စိတ်မထင်ရင် Senior ကျတဲ့သူတွေက နှိပ်စက်သေးတယ်တဲ့
တပ်ကုန်းသားလေး ၁၃ ရက်အကြာမှာတော့
ရေခပ်သွားဦးမယ်ပြောပြီး ထွက်ပြေးလာခဲ့တယ် ..
Post a Comment