NUG က မြို့သိမ်းမယ်ပြောပြန်ပြီ


NUG ဘက်က အဆဲခံရမယ့်သူကို တစ်လှည့်စီပွဲထုတ်လေ့ရှိပါတယ်။
အရင်က ဒေါက်တာဆာဆာကို ပွဲထုတ်ပြီး စကားတွေမှား မေတ္တာပို့ခံရတာတွေများလာတော့
ကာကွယ်ရေး အတွင်းဝန်ဆိုပြီး နွားထိုးကြီးက တင်ထွန်းအောင်ကို ထုတ်ပြန်တယ်။
သူလည်း အခြင်းခြင်းပြန်ငြိကြ ပြုကြ ရန်တွေဖြစ်ကြနဲ့ အခုတစ်ခါ
NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကျော်ဇောဆိုတဲ့သူကို ပွဲထုတ်လာပြန်တယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက D Day ဆိုပြီး ထကြေညာပြီး
တစ်လအတွင်းသိမ်းမလို တစ်ပတ်အတွင်းသိမ်းမလို PDF တွေက ရန်ကုန်မြို့တော်ခန်းမနားမှာ
တပ်စွဲထားတော့မလိုလိုနဲ့ ဝါဒတွေဖြန့်လိုက်ကြတာ အခု တစ်နှစ်ကျော်ကြာခဲ့ပြီ။
PDF များပါတယ်ဆိုတဲ့ မြို့တွေတောင်မသိမ်းနိုင် KNU/KIA အားကောင်းတဲ့
ဒေသတွေတောင် မသိမ်းနိုင်ခဲ့ဘူး။

ပြီးခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲကိုလည်း မြို့သိမ်းတိုက်ပွဲဆိုပြီး ဝါဒဖြန်ခဲ့တာ NUG လက်အောက်ခံ လော်ဘီတွေပဲဖြစ်ပါတယ်။
ဒါပေမယ့် အလဲလဲအကွဲကွဲနဲ့ ပြန်ဆုတ်ပြေးပြီး ပြည်သူတွေနေတဲ့ အမှတ် (၇) ရပ်ကွက်ထဲကို အရှက်ပြေ လက်နက်ကြီး ပစ်ထည့်ခဲ့တာကြောင့် ပြည်သူ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေရှိခဲ့ပါတယ်။

NUG ကတော့ လေကြောင်းရန်ရှိရင် တပ်ကို နိုင်ပြီးလို့ သူတို့က ပြောပါတယ်။

ဒီအကြောင်းပြောရရင် NUG က ဇီးသီးဗန်းမှောက်ထားတဲ့ အလှူငွေတွေအကြောင်းပေါ်လာတော့မယ်။

မင်းမော်ကွန်း ပန်ဆယ်လိုတို့ ဦးစီးပြီး Project Dragonfly ဆိုတဲ့ ခွက်ခေါက် အလှူခံပွဲမှာ အမေရိကန်ဒေါ်လာ ၂.၂ သန်းကျော် ရရှိခဲ့ပါတယ်။ ဒီပမာဏကို ဗဟိုဘဏ်ပေါက်ဈေး တစ်ဒေါ်လာ ၂၁၀၀ ဝန်းကျင်နဲ့ တွက်ရင် သိန်းပေါင်း ၅ သောင်းနီးရှိတယ်။

အဲတော့ လေယာဉ်ပစ်လို့ရတဲ့ လက်နက်တွေက အနီးစပ်ဆုံး ဒီနိုင်ငံမှာ EAOs အချို့ သုံးတာ FN6 ထင်ပါတယ်။ ဒီ အမျိုးအစားတွေက ဒေါ်လာ ၇ သောင်းကနေ ၉ သောင်းဝန်းကျင်အထိ  ဈေးနှုန်းရှိတယ်လို့သိရပါတယ်။ ဒေါ်လာ ၂ သန်းကျော်ဆိုရင် အနည်း FN6 ဆယ်လက်ကျော်နဲ့ ကျည်တွေ ဝယ်လို့ရမှာပါ။ လက်နက်အကြောင်း သိပ်နားမလည်တဲ့သူတွေတောင် ဒီလောက် ပိုက်ဆံနဲ့ ဒီလောက်ဝယ်လို့ရတယ်ဆိုတာ သိပါတယ်။

ဒါပေမယ့် ဒေါ်လာ နှစ်သန်းကျော် ဇီးသီးဗန်းမှောက်သွားခဲ့ပါတယ်။ NUG တော့ သူတို့ဝယ်ပေးတဲ့ လေယာဉ်ပစ်တွေ PDF တွေဆီရောက်နေပြီလို့ ပြောပါတယ်။

ရောက်နေပြီဆိုရင်တောင် ဒီလက်နက်တွေက သုံးဖို့ အကန့်အသတ်ရှိပါတယ်။

တကယ်တမ်း PDF တွေ အထိနာတဲ့ ပြဿနာက လေယာဉ်တစ်ခုတည်းကြောင့်မဟုတ်ပဲ ၁၀၅/၁၂၀/၁၂၂/၁၅၅ မမတွေလည်း ပါပါတယ်။ ဒါတော့ ဘယ်သူပုန်အဲဒါကို မဖြေရှင်းနိုင်လောက်ဘူးတော့ ထင်ပါတယ်။

လက်နက်အကြောင်း သိပ်နားမလည်ပေမယ့် အဲဒီထက်ပိုကြီးတဲ့ ကီလိုမီတာ ၃၀၀ ၄၀၀ ၇၀၀ အထိပစ်လို့ရတဲ့ လက်နက်တွေလည်း တပ်မတော်မှာရှိတယ်လို့ သိရပါတယ်။ Hwasong-5/6 တရုတ်နိုင်ငံထုတ် BP12-A တို့ ဘာတို့ အများကြီးပဲ။

Multiple launch rocket တွေဆိုရင် ပြည်တွင်းထုတ်တွေတောင် ရှိနေပြီ။ မလုပ်ချင်လို့ မလုပ်သေးတာလို့ပဲ မြင်တယ်။ လုပ်ချင်ရင် အမှုန့်တောင် ရှာလို့ရမှာမဟုတ်ဘူး။

ကားတာယာ နှစ်ခုတပ်ပြီး ပစ်မရ ပြုမရ လက်နက်ကြီးတွေက ဘယ်နေရာမှာ သုံးမလဲ အလှူခံ ခွက်ခေါက် ကောင်းရုံနဲ့ ပေါက်ကရလေးဆယ် ထိုင်ပြီး ထွင်နေတာ ဒါကို အဟုတ်တွေမှတ်နေတယ်။

NUG က လူတွေက ဖြစ်နိုင်ရင် ၆ လတစ်ခါလောက် စစ်ကြေညာစေချင်နေမှာ ဘာကြောင့်လဲဆိုတော့ အရှိန်ကျကျသွားတက်တဲ့ မြန်မာပြည်သူတွေဟာ သူတို့ တော်လှန်‌ရေးကိုမေ့ပြီး ခွက်ပျောက်မှာစိုးလို့ပါ။

အရှိန်ကျသွားတိုင် D-Day ခေါ်နေမှာ ဖြစ်သလို အရှိန်ကျသွားတိုင်း မြို့သိမ်းတိုက်ပွဲ လုပ်တော့မယ်လို့ ထထပြောနေဦးမှာဖြစ်ပါတယ်။

အရှိန်ဆိုတာ တိုက်ပွဲအရှိမဟုတ်ပါဘူး ခွက်ထဲဝင်နေတဲ့ ပိုက်ဆံရဲ့အရှိန်ပါ ပိုက်ဆံအဝင်နည်းလာတာနဲ့ မြို့သိမ်းတော့မယ်လို့ ထပြောနေဦးမှာပဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် NUG ဦးဆောင်ပြီးလုပ်လို့ အောင်မြင်တာဆိုလို့ ခွက်ခေါက်တာပဲရှိပါတယ် ဒါတော့ ငြင်းလို့မရဘူး။

အရှေ့မှာ NUG ရေဒီယိုတို့ နွေဦးထီတို့ ငွေတိုက် စာချုပ်တို့ NUG Pay တို့ ပေါက်ကရလေးဆယ်တွေ လိုက်လုပ်တာ တစ်ခုမှ မအောင်မြင်ပါဘူး။

#aungmoekyaw

Post a Comment

Previous Post Next Post