NUG/CRPH /PDF/EA0 တို့ရဲ့ ခွက်စောင်းခုတ်တိုက်ပွဲ

-NUG/CRPH တို့ရဲ့လက်အောက်ခံဆိုတဲ့ PDFအစေးအပါးလေးတွေဟာ ဆိုရင် မျောက်သစ်ခိုင်းလွတ်သလို ဘယ်ဘတ်ကို ကပ်ရမှန်း မသိတော့တဲ့ ဘဝတွေကို ရောက်နေကြပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း မင်းတို့ကို လိုသုံးဘဝနဲ့ပဲထားနေကြတာ မလိုအပ်တော့တဲ့အချိန် မင်းတို့ရဲ့ဘဝတွေကရော ဘယ်သူတွေက တာဝန်ခံမှာလဲ…

-နယ်မြေဒေသတွေမှာလည်း မင်းတို့တွေက အဖွဲ့အမျိုးမျိုး မူဝါဒ အမျိုးမျိုး ခေါင်းဆောင်ကလည်း ငွေများများအလှူခံနိုင်ရင် ခေါင်းဆောင်ဖြစ်၊ အလှူခံမရတော့တဲ့ အဖွဲ့တွေကြတော့ လမ်းပေါ်တက် မိုက်ကြေးခွဲ တောင်းစားနေကြရတယ်၊ မင်းတို့တွေက ဒေသအတွက်ဆိုပြီး လုပ်နေပေမယ့် မင်းတို့ရဲ့လုပ်ရပ်တွေက ဒေသအလုံးစုံပျက်စီးရေးကို တွန်းပို့နေတယ်ဆိုတာ သဘောပေါက်သင့်တယ်ကွာ၊ မင်းတို့ဒေသရဲ့ နစ်နာဆုံးရှုံးမှုတွေကို မင်းတို့ ခေါင်းဆောင်တွေက ဘာတွေများဆောင်ရွက်ပေးနေလည်း မင်းတို့ကို ဆောင်ရွက်ပေးဖို့ နေနေသာသာကွာ သူဟာသူတောင် တိုင်ပတ်နေကြတာ….

-မြေပြင်မှာ အလှူခံရတဲ့ PDF နဲ့ အလှူခံမရတဲ့ PDF တွေလည်း အကွဲကွဲအပြဲပြဲတွေဖြစ်နေကြပြီး မြို့နယ်အများစုမှာဆိုရင် PDF ကင်းစင်းနယ်မြေဆိုပြီး ပြည်သူစစ်အဖွဲ့တွေ ဖွဲ့စည်းကာ ဆောင်ရွက်နေကြတယ်…

-အောက်မှာဖော်ပြထားတဲ့အတိုင်း  မင်းတပ်မှာ CDF(Mindat)ဆိုရင် ပါဝါပွတ်တိုက်မှုတွေ၊ နေရာလုပွဲတွေနဲ့အချင်းချင်းပွတ်တိုက်မှုတွေ ဖြစ်ပေါ်နေတယ် ဖြစ်ပါ်နေတဲ့အခြေအနေ တွေပေါ်မှ အလှူခံမရတဲ့ပြဿနာ၊ အချင်းချင်း နေရာပေးမှုပြဿနာတွေဟာဆို အားလုံးပျက်သုန်းရေးရဲ့ အစဆိုတာ မင်းတို့သိသင့်တယ်…

- PDF တွေကို ပြောချင်တာက မင်းတို့အခြေအနေတွေကို မင်းတို့သိပါတယ်၊ မင်းတို့ ခေါင်းဆောင်တွေလို့ သတ်မှတ်ထားတဲ့သူတွေက မင်းတိုကို အသေခံပြီးတိုက်ခိုင်းတယ်၊ မင်းတို့သေတဲ့အခါကျတော့ မျောက်ပြဆန်တောင်း လုပ်ပြီးတော့  ရတဲ့ငွေတွေနဲ့ ကျည်လွတ်ရာနေရာမှာ သာယာနေကြတယ်၊ အခုမင်းတို့လုပ်နေတဲ့ လုပ်ရပ်တွေက တော်လှန်ရေးကို ခေါင်းစဉ်တပ်ပြီး အဓ္ဓမလမ်းစဉ်ကို ရောက်နေပြီဆိုတာ အစွဲကင်းကင်းနဲ့ မြင်တက်ဖို့လိုတယ်……
-ဘာဆက်လုပ်ကြမလဲ…
Oo Min

Post a Comment

Previous Post Next Post