အမှုမရရှိခြင်းကြောင့် ကျောက်တော်ရှိ ULA/AA တရားစီရင်ရေးရုံးအချို့ ပိတ်သိမ်း

ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ULA/AA တရားစီရင်ရေးရုံးအချို့ကို အမှုမရရှိခြင်းကြောင့် ခေတ္တပိတ်သိမ်းထားမည်ဟု ULA/AA မနေ့က ကျောက်တော်မြို့နယ်၊ AA ဒုနိုင်ငံရေးမှူးဖြစ်သူ ကောင်းမြတ်နှင့် နယ်မြေမှူး ဖြစ်သူတို့က ရွာတာဝန်ခံများကိုခေါ်ကာ ပြောကြားခဲ့သည်ဟု ULA/AA အတွင်းသတင်း တစ်ခုအရ သိရသည်။

“တောင်ဘွေရွာမှာ မနေ့က ရွာတာဝန်ခံတွေကို ခေါ်ပြောလို့ ကျနော်တို့ရွာက တာဝန်ခံတစ်ယောက်သွားတယ်၊ အမှုလာတိုင်မယ့်သူ မရှိတဲ့အတွက် ရုံးပိတ်ထားဖို့ ရုံးပြန်ဖွင့်မယ့်အချိန်ရောက်ရင် အမှုများများရဖို့ အခုကတည်းက ဖြစ်တဲ့အမှုတွေကို မှတ်ထားဖို့ ပြောပါတယ်၊ ကျန်တာထွေထွေထူးထူးမရှိပါဘူး” ဆိုပြီး ULA/AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဒေသခံရွာသားတစ်ဦးကို မေးမြန်းခဲ့ရာ “ကျမတို့တော့ ဘာမှမကြားသေးဘူး၊ အဲဒီရုံးတွေဆိုတာက သူတို့ AA က လူတွေပဲသွားတိုင်တယ် ပြီးရင်အမှုတိုင်း သူတို့ပဲ အနိုင်ရတာ အချို့အမှုတွေဆိုရင်လည်း ပိုက်ဆံပေးနိုင်ရင် အမှုနိုင်တယ် အဓိကပိုက်ဆံပဲ အဲဒီရုံး ပိတ်ထားတော့လည်း ကောင်းပါတယ်” ဆိုပြီး ပြောသည်။

ULA/AA တရားစီရင်ရေးအနေဖြင့် ခြံမြေအရောင်း/အဝယ်စာချုပ်အတွက် ရာခိုင်နှုန်း အချိုးကျ ငွေကောက်ခံခြင်းများအပြင် ရွာအတွင်း လင်မယားရန်ဖြစ်သူသည့်ကိစ္စ၊ လူငယ်ချင်း ရန်ဖြစ်သည့်ကိစ္စရပ်များကို ရုံးတင်၍ ဒဏ်ငွေရိုက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးစစ်ဆေးရာမှ သေဆုံးမှု၊ တရားစီရင်ရေးမျှတမှု ပွင့်လင်းမြင်သာခြင်း မရှိမှုတို့ကြောင့်  ပြည်သူများ ဝေဖန်မှုခံနေရကြာင်း သိရသည်။

#MayYuHtarNay

Post a Comment

Previous Post Next Post