AA အဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရိတ်သိမ်းခြင်းမရှိသေးသည့် စပါးများအား AA ရိက္ခာအဖြစ်သိမ်းရန်လုပ်ဆောင်နေ

    AA အဖွဲ့မှ  ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရိတ်သိမ်းခြင်းမရှိသေးသည့် စပါးခင်များအား AA ရိက္ခာအဖြစ်သိမ်းရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စုစုပေါင်း စိုက်ပျိုးထားသည့်စပါး ၆၁၅၇၆ ဧကရှိပြီး ဒီဇင်ဘာလ ၈ ရက်နေ့အထိ ရိတ်သိမ်းပြီး ၃၆၈၃၇ ဧကရှိရာ ရိတ်သိမ်းရန်  ၂၄၇၃၉ ဧက ကျန်ရှိနေသေးကြောင်း အဆိုပါမရိတ်သိမ်းသေးသည့် စပါးများအား AA ရိက္ခာအဖြစ်သိမ်းရန်လုပ်ဆောင်နေတာဖြစ်ကြောင်း သိရသည်။
“ သူတို့ပြောတာကတော့ နောက်နှစ် ၁ လပိုင်းမှာ တိုက်ပွဲပြန်လုပ်မှာ အခုတစ်လအတွင်း စပါးတွေကို သူတို့ အပြီးရိတ်သိမ်းပေးမယ်၊  ရိတ်သိမ်းပြီး စပါးတွေကိုလည်း လယ်ပိုင်ရှင်တွေ အခြားကိုမရောင်းခင် တိုက်ပွဲအတွက် သူတို့ရိက္ခာအဖြစ် သိမ်းယူဖို့ ပြောနေလို့ လယ်ပိုင်ရှင်တွေ ရိတ်သိမ်းထားတဲ့ စပါးတွေမရရတဲ့ဈေးနဲ့ရောင်းဖို့ လုပ်နေကြတယ်” ဟု ကျောက်ဆိပ်ကျေးရွာသားတစ်ဦးမှ မေယုဌာနေသို့ပြောသည်။

#MinChitOo
https://t.me/minchitoo989989
https://t.me/newsmayyu

Post a Comment

Previous Post Next Post