အပစ်ရပ်ကာလအတွင်း ရိက္ခာနှင့်ဆက်ကြေးများအား နည်းမျိုးစုံဖြင့် တိုးမြှင့်စုဆောင်းနေတဲ့ AA

AA အဖွဲ့က တပ်မတော်နဲ့ အပစ်ရပ်ထားသည့်အချိန်တွင် ဒေသခံတွေရဲ့စပါးခင်းတွေမှာ စပါးကူညီရိတ်သိမ်းပေးနေသည်ဟု သတင်းထုတ်ပြန်သော်လည်း တကယ့်မြေပြင်အမှန်တွင် AA အဖွဲ၏ ရိတ်သိမ်းခအနေ အနေဖြင့် ဆန်/ စပါး တောင်းယူနေသည်ဟု ဒေသခံများထံမှ သိရသည်။
"AA က အစိုးရစက်နဲ့ရိတ်တာ မလိုချင်ဘူး၊ သူတိုကူညီမယ်ပေါ့၊ စက်နဲ့ရိတ်ရင် တလင်းပျောက်စနစ်နဲ့ အမြန်ပြီးတာပေါ့ နောက်ထပ် ဆောင်းတွင်း အသီးနှံစိုက်ဖိုလည်း အချိန်ရတယ်၊ နောက်ပြီး AA က လာပြီးရိတ်ပဲ ရိတ်ပေးမှာ စပါးချွေတာ လှေ့တာ ကိုယ့်ဟာကိုယ်လုပ်ရတော့ စရိတ်ပိုကုန်မှာ ဆောင်းသီးနှံစိုက်ဖို အချိန်မမီမှာ စိုးရိမ်ရတယ်ဗျာ"

AA အနေဖြင့် အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း ရိက္ခာနှင့် ဆက်ကြေးများအား နည်းမျိုးစုံဖြင့် တိုးမြှင့်စုဆောင်းလျက်ရှိပြီး စပါးခင်းပိုင်ရှင်များအား အဓိက ခြိမ်းခြောက်အနိုင်ကျင့်လျက်ရှိသဖြင့် ဒေသခံများမှာ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

Post a Comment

Previous Post Next Post