ဇာတ်ပွဲအကြောင်း​ပြဖဲဝိုင်းထောင်နေသောAA/ULA


ရခိုင်ပြည်နယ်အတွင်း မိုးရာသီလွန်မြောက်သည်နှင့် စပါးပေါ်ချိန်၊ ကွမ်းသီးများဆွတ်ခူးပြီးချိန် အောက်တိုဘာလကုန်ပိုင်းမှစ၍  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၌ ထိုက်သင့်သောဝင်ငွေများ ရရှိလာ သည့်အချိန်၌ နေရာဒေသအသီးသီးတွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပွဲလမ်းသဘင်ကျင်းပခြင်း၊ လောင်းကစား ဝိုင်းများ ပြုလုပ်ခြင်းတို့မှာ ရိုးရာအစဉ်အလာတစ်ရပ်ကဲ့သို့ပင် ဖြစ်ပေါ်လျက်ရှိပါသည်။

လောင်းကစားနှင့်အပျော်အပါးလိုက်စားသော သူများအနေဖြင့် အလွန်အကြိုက်တွေ့သော အချိန်အခါ ဖြစ်သလို လောင်းကစားဝိုင်းများထံမှ အကောက်ငွေတောင်းခံသူ ULA တိုက်နယ်မှူး၊ နယ်မြေမှူး၊ ဆက်ကြေးတာဝန်ခံများသည် လက်ဖျား၌ ငွေသီးသောကာလများဖြစ်ပါသည်။

ကိုဗစ်ကာလအတွင်း နေထိုင်သွားလာမှု စည်းကမ်းများတင်းကျပ်ထားချိန်၌လည်း AA ခေါင်းဆောင် ပိုင်းက ၄တို့၏သဘောဖြင့် ဇာတ်ပွဲများနှင့် လောင်းကစားဝိုင်းများပြုလုပ်ကာ ကိုယ်ကျိုးရှာခဲ့ခြင်းကြောင့် အသိဉာဏ်နည်းပါးသည့် ကျေးလက်ဒေသနေ ပြည်သူလူထုများအနေဖြင့် ကိုဗစ်ရောဂါများ ကူးစက်ပျံ့နှံ့ကာ အမြောက်အများသေကြေပျက်စီးခဲ့ရပါသည်။

AA ခေါင်းဆောင်ပိုင်းသည် ပြည်သူလူထုထံမှ ၄တို့ငွေကြေးရရှိရေးကိုသာ အဓိကထား၍ တစ်နှစ်ထက်တစ်နှစ် နည်းလမ်းမျိုးစုံသုံးကာ ငွေကြေးရှာဖွေလျက်ရှိကြပါသည်။

လောင်းကစားဝိုင်းများကြောင့် ပင်ပန်းကြီးစွာရှာဖွေထားရသော ငွေကြေးဆုံးရှုံးကာ ဒုက္ခရောက်ရသည့် မိသားစုများမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိသဖြင့် အချို့သော ပြည်သူလူထုမှာ ဇာတ်ပွဲများပြုလုပ်ငွေရှာနေသည့် ULA၊ AA တို့အပေါ်၌ မကျေနပ်မှုများဖြစ်ပေါ်လျက်ရှိ ကြောင်း သိရှိရပါသည်။

ရမ်းဗြဲဒေသခံတစ်ဦး၏ ပြောပြချက်အရ AA ကရွာမှာပွဲလာလုပ်တယ်၊ လောင်းကစားဝိုင်း တစ်ခုံကို တစ်ည ၃ သိန်းပေးရတယ်၊ ဖဲဝိုင်း တစ်ည ၂ သိန်း၊ ဈေးဆိုင် တစ်ည ၁ သိန်း၊ တစ်ညကို ULA တာဝန်ခံတစ်ဦးက တစ်ညကို သိန်း ၇၀ လောက်ရတယ်။ သူတို့ခေါင်းဆောင်ကိုဘယ်လောက်ပြန်ပေးလဲ တော့မသိဘူး၊ ရွာမှာတော့ ကြွပ်ကြွပ်အိတ်တွေ အမှိုက်တွေ လောင်းကစားကြောင့် ဒုက္ခရောက်သွားတဲ့ လူငယ်တွေ၊ မိသားစုတွေဘဲကျန်ခဲ့တယ် ဟုပြောဆိုသွားခဲ့ပါသည်။
Photo #ဇာတ်ပွဲအကြောင်း​ပြဖဲဝိုင်းထောင်နေသောAA/ULA
#Dwd
https://t.me/naywin331

Post a Comment

Previous Post Next Post