အပစ်အခတ်ရပ်စဲတာ ဒါတွေလုပ်ဖို့လား

AA က လက်ရှိတာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား ဆရာ/ဆရာမတွေ၊ ပညာအရည်အချင်း (၁၀)တန်းရှိသူတွေကို  AA ပညာရေးမှာ ဝင်လုပ်ဖို့ ခေါ်နေတာတွေ့ရပါတယ်။

အခုမှစမယ့် စမ်းတဝါးဝါးပညာရေးစနစ်က ဘာကောင်းလာမှာလဲ လက်ရှိ အစိုးရပညာရေးစနစ်ကလည်း စနစ်တကျနဲ့ အဆင်ပြေနေတာပဲ ဘွဲ့ရပညာတတ်တွေဖြစ်ပြီး ပြည်တွင်း၊ ပြည်ပတွေမှာပါ တာဝန်ထမ်းဆောင်သူတွေအများကြီး စိတ်ကူးတည့်ရာထလုပ်တဲ့ AA ပညာရေးစနစ်က ဒီထက်ဘာကောင်းမှာလဲ ??

ဆရာ/ဆရာမဆိုတာ သိက္ခာရှိရှိရပ်တည်နေတဲ့ အနန္တဂိုဏ်းဝင်တွေ AA ကြောင့် ဆရာ/ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေ ဂုဏ်သိက္ခာညိုးနွမ်းခဲ့ရပြီ အဖမ်းခံခဲ့ရပြီးပြီ … အခုအပစ်ရပ်ကာလကလည်း (၃)လလို့ပဲ ပြောနေတယ်၊ AA ရဲ့ သဘောတူညီမှုတွေ ပျက်သွားပြီဆိုရင် ဆရာ/ဆရာမတွေတော့ အဖမ်းခံရဦးမှာပဲ၊ AA ကြောင့် ဘဝပျက်သွားတဲ့သူတွေအများကြီး AA နဲ့ ပေါင်းပြီး ကောင်းစားသွားတဲ့သူတွေကတော့ လူတကာကို အနိုင်ကျင့်နေတဲ့သူတွေပဲရှိတယ်။

အခု ဆရာ/ဆရာမဆိုတဲ့ ခေါင်းစဉ်ပြပြီး အလုပ်ခေါ်တယ် နောက်ပိုင်း လိုအပ်ရင် ယူနီဖောင်းဝတ် စစ်တိုက်ခိုင်းရင် ဘယ်လိုလုပ်မလဲ ??

AA ရဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ သဘောရိုးရဲ့လား ပြည်သူတွေနဲ့ ဝန်ထမ်းတွေ၊ အနာဂတ်လူငယ်တွေကို စစ်ရဲ့နွံ့ထဲကို မဆွဲချချင်စမ်းပါနဲ့။

#MNY

Post a Comment

Previous Post Next Post