ပဒက်တွေရဲ့ ယုတ်မာမှုတွေကို လက်မခံနိုင်ကြောင်း ထုတ်ပြန်ကြေငြာလာ

ပြီးခဲ့တဲ့ရက် ညနေပိုင်းလောက်က ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဒလဆိပ်ကမ်းကို ထွက်ခွာမောင်းနှင်လာတဲ့ ချယ်ရီ(၂)ရေယာဉ်ပေါ်မှာ အကြမ်းဖက် NUG ၊ CRPH တို့ရဲ့ လက်ဝေခံ PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့လူမဆန်စွာ မိုင်းထောင် ဖောက်ခွဲခဲ့လို့ အပြစ်မဲ့ခရီးသွားပြည်သူ (၁၇) ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့တယ်။ ဒီလိုမျိုး PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ယုတ်မာမှုကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးစတဲ့ ပြည်တွင်းကအဖွဲ့အစည်းတွေအားလုံးနီးပါးဟာ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထားများအသီးသီးထုတ်ပြန်ခဲ့ကြတာကိုလည်း တွေ့ရတယ်။ 
ဒါဟာ ဘာကိုဖော်ပြနေသလဲဆိုရင် ပြည်တွင်းကအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေဟာ PDF အကြမ်းဖက်ကောင်တွေရဲ့ ယုတ်မာရက်စက်မှု လူမဆန်မှုတွေကို လုံးဝလက်မခံနိုင် သည်းမခံနိုင်ကြတော့ဘူးဆိုတာကို ကမ္ဘာကသိအောင် ပြလိုက်သလိုပါပဲ။ အကြမ်းဖက်သမားတွေရဲ့ နေဝင်ချိန်ကတော့ တစ်နေ့ထက်တစ်နေ့ နီးလာပါပြီ။

Post a Comment

Previous Post Next Post