ကျွန်တော်ပြောချင်သော သူတို့အကြောင်း

သာယာတဲ့နေ့ရက်တွေက ဘယ်တော့မှရောက်လာမှာလဲလို့ မေးမိတိုင်း ယမ်းနံဝေနေတဲ့ ပတ်ဝန်းကျင်က အဖြေလွှာတွေကိုဆုတ်ဖြဲပစ်နေဆဲဘဲ...

ဘယ်သူကထင်မှာလဲ ဒီလောက်သာယာတဲ့တိုင်းပြည်အခုလိုစုတ်ပြတ်သတ်သွားလိမ့်မယ်လို့ ၊ အခုတော့ အားလုံးဟာယူကျုံးမရစွာနဲ့ဘဲ တစ်နေဝင်လို့ တစ်မိုးချုပ်ကြရပြန်တယ်...

ဆန္ဒပြရခြင်းကိုဂုဏ်ယူခဲ့ရင် ၊ PDF ဖြစ်ရခြင်းကို ဂုဏ်ယူခဲ့ရင် အလင်းဝင်ခြင်းကိုလဲ ဂုဏ်ယူလိုက်ပါ။ အင်အားကြီး သူပုန်အဖွဲ့တွေတောင်အလင်းဝင်ခဲ့ရင် မီးကျိုးမောင်ပြတ်နဲ့ PDF ဘဝက ဘာလို့အလင်းမဝင်ရဲရမှာလဲ?

တပ်မတော်ရဲ့ ညှာတာမှုတွေ အဆုံးသတ်မသွားခင်အလင်းဝင်လိုက်ပါ။ ကိုယ့်ဒေသကိုကိုယ်ပြန်ကြည့် လက်နတ်မကိုင်ခင်နဲ့ လက်နတ်ကိုင်ပြီးအခြေအနေ ဘာတွေကွာသွားလဲ?  ကျောင်းတံခါးမဖွင့်ရတဲ့ကျောင်းတွေက ဆင်းရဲခြင်းအကြောင်းကိုပြောပြနေတယ်၊ ဥပုဒ်နေ့မရှိတဲ့ ဘုန်းကြီးကျောင်းတွေက အပယ်တံခါးဝအကြောင်းကိုပြောပြနေတယ်၊ စိုက်ပျိုးသူမဲ့နေတဲ့ လယ်ကွင်းတွေက ဆင်းရဲခြင်းအကြောင်းတရားကိုပြောပြနေတယ်။ 

ဘဝမှာ ပညာမဲ့၊ ဥစ္စာမဲ့တဲ့အပြင် နိဗ္ဗာန်မဂ်ဖိုကိုတောင် မျက်ကွယ်ပြုရပြီဆိုရင် လူဖြစ်ရခြင်းရဲ့အကြောင်းရင်းမဲ့သွားပြီ ရွာသားတို့...

ရွာသားအချင်းချင်းမို့ပြောပါရစေ ---- နီချင်နီ ပြာချင်ပြာ ဝါချင်ဝါ လူဖြစ်မရှုံးဖို့...
 (အလင်းဝင်ကြပါကွာ)
crd
စစ်ကဲကြီး

Post a Comment

Previous Post Next Post