လုံခြုံရေးအရ စစ်ဆေးမခံဘဲ ထွက်ပြေးသူများအား ပစ်ခတ်ဖမ်းဆီးရာမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဒီဇင်ဘာ လ ၅ ရက်နေ့က ကလေးမြို့နယ်၊ မုံရွာမြို့နဲ့ စလင်းမြို့နယ်တို့မှာ လုံခြုံရေးအရ စစ်ဆေးမှု မခံဘဲ ထွက်ပြေးသူများထံမှ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်..

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းကျေးရွာအဝင်မှာ လူ/ယာဉ် ဖြတ်သန်းသွားလာမှုတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ် ကလေးမြို့ဘက်မှ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းပေမဲ့ မရပ်ဘဲ မောင်းနှင်ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ-

၎င်းအမျိုးသား ၂ ဦးကို အမေရိကန်နိုင်ငံထုတ် ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉မမ(luger)ကျည် ၈ တောင့်အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့  စက်မှုဇုန်ရပ်ကွက်၊ Unicef ရုံးအဟောင်းအနီးမှာလည်း လုံခြုံရေးအရ စစ်ဆေးဖို့ ဆိုင်ကယ်ကို ရပ်တန့်ခိုင်းစဉ် မရပ်ဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်..၎င်းသေဆုံးသူအမျိုးသားရဲ့ လွယ်အိတ်အတွင်းမှ လက်လုပ်သေနတ်(အတို) ၁ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်..

မကွေးတိုင်း၊ စလင်းမြို့နယ် ထူးပေါက်ကျေးရွာလမ်းခွဲအနီး စလင်း-ဆင်ဖြူကျွန်းသွားကားလမ်းပေါ်မှာ ယာဉ်များအား စစ်ဆေးနေစဉ် ဆိုင်ကယ် ၁ စီးအား ရပ်တန့်ခိုင်းရာ ဆိုင်ကယ်မောင်းနှင်လာသူမှ လုံခြုံရေးအဖွဲ့အား လက် လုပ်ဗုံးဖြင့် ပစ်ပေါက်ဖို့ ပြုလုပ်တဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ပါတယ်..

၎င်းအမျိုးသားဟာ စလင်း PDF အဖွဲ့ဝင် လွင်ကိုအောင်(၁၇) နှစ်၊ မကျီးပင်ပုကျေးရွာနေသူဖြစ်ပြီး ၎င်း၏ အနက်ရောင်ကျောပိုးအိတ်အတွင်းမှ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်..

#ခင်ညိုချော
#စစ်ဆေးမှုမခံ
https://t.me/naywin331

Post a Comment

Previous Post Next Post