လေနဲ့သာ တာဝန်ယူနေတဲ့ လေယူဂျီ

မန္တလေးက ဟော်တယ်ဝန်ထမ်းလင်မယားနှစ်ယောက်ကိုသတ်ပြီး လူမမယ် ကလေးတစ်ယောက်ကိုမိဘမဲ့ဖြစ်စေတဲ့လုပ်ရပ်၊ တမူးက ဆရာမလေးကို ရက်ရက်စက်စက်သတ်တဲ့အမှု၊ အင်စိန်ထောင်မှာ ဗုံးကွဲမှုတွေတောင် မဖြေရှင်းနိုင်သေးပါဘူး။ အခုထပ်ပြီး ချယ်ရီ(၂)ရေယာဉ်ကိစ္စကို ထပ်ပြီးအရေးယူမယ်ဖြစ်လာပြန်ပါတယ်။

မန္တလေးက လင်မယားနှစ်ယောက်လုံးကို သတ်တဲ့အမှုမှာ ပြစ်မှုကျူးလွန်သူတွေ ဝန်ခံခဲ့တာတောင် အရေးမယူနိုင်သေးတဲ့ လေယူဂျီက တခြားအမှုတွေကို ဘယ်လိုကိုင်တွယ်ဖို့ စိတ်ကူးရှိနေလဲ မသိပါဘူး။ လက်နက်တွေကို ပြည်သူလူထုကြားထဲ စိမ့်ဝင်စေပြီးမှ ကျူးလွန်သူတွေ တာဝန်ယူရမယ်ဆိုတော့ တကယ်တာဝန်ရှိသူက အန်ယူဂျီကသူတွေပဲဖြစ်ပါတယ်။

တကယ်သာ တာဝန်ယူမယ်ဆိုရင် ပြည်သူလူထုကို ထိခိုက်နစ်နာအောင် အမျိုးမျိုးသွေးထိုးခဲ့မိတဲ့ အပြစ်ကို ခံယူပြီး တော်လှန်ရေးက နှုတ်ထွက်သင့်ပါပြီ။ လေနဲ့အရေးယူတာကတော့ လူတိုင်းလုပ်တက်တဲ့ကိစ္စပဲ ....... တကယ်တော့တမ်း NUG ရဲ့သဘောထားဟာ ပြည်သူကို ကာကွယ်ဖို့မဟုတ်ဘူး... သူတို့ကိုယ်သူတို့ကာကွယ်ဖို့ပါ...

#HlaShwe

Post a Comment

Previous Post Next Post