မန္တလေးကျောက်ဝိုင်း ပြန်လည် စည်ကားလာသော်လည်း အရောင်းအဝယ် အေးနေဆဲဖြစ်

မန္တလေးမြို့ရှိ ကျောက်စျေးကွက်ရပ်ဝန်းတွင် ပြန်လည်စည်ကားလာသော်လည်း ယခင်ကထက်  အရောင်းအဝယ်အေးနေဆဲ ဖြစ်သည်ဟု သိရသည်။
ရောင်းသူ ဝယ်သူ မရှိသလောက် နည်းပါးခဲ့သော မန္တလေး ကျောက်စျေးကွက်မှာ ယခုနှစ်ဆန်းပိုင်ကစ၍ ပြန်လည် ဝေစည်စ ပြုလာသည်ဟုဆိုသည်။
ကျောက်စျေးကွက်၌ ဝယ်ရောင်း လုပ်နေသူ တစ်ဦးက"ယခု ပြန်လည်စည်ကားလာတယ် ဆိုပေမဲ့ ယခင်ကာလကို မမီသေးပါဘူး၊အရောင်းအဝယ်အေးနေဆဲပါ။ အထူးသဖြင့်တော့ ကျောက် အဝင်နည်းတယ်။ ကျောက်ကုန်သည်တွေရဲ့ လမ်းကြောင်းအခြေအနေက အရင်လို မဖြောင့်ဖြူးဘူး၊အသွားအလာလည်း စိုးရိမ်နေရဆဲ ပါ"ဟု ဆိုသည်။
နေ့စဉ်နံနက်၅နာရီခန့်မှ စတင် လမ်းဘေးဝဲယာတွင် အခင်းဝိုင်းအဖြစ်ဖြန့်ကျက်ရောင်းချလျှက်ရှိပြီ့ နံနက် ၈ နာရီခန့်တွင် ၀ိုင်းသိမ်းသူများလည်းရှိသည်ဟုသိရသည်။
ကျောက်အချောထည်များ (လက်ဝတ်ရတနာများ)ကို စျေးရုံးဝင်းအတွင်း၌ ခင်းကျင်း ရောင်းချလျှက်ရှိသည်။
မန္တလေးကျောက်စျေးကွက်တွင် အချောထည်များ(လက်ဝတ်ရတနာ)များကို  တရုတ် ကုန်သည်များဝယ်ယူမှုပိုမိုများပြားပြီး ကျောက်အရိုင်းတုံးများ ကို ပြည်တွင်း ကျောက်ဝါသနာရှင် ကုန်သည်များကဝယ်ယူကြလေ့ရှိကြောင်း ကျောက်ကုန်သည်တစ်ဦးကပြောသည်

Post a Comment

Previous Post Next Post