ဒါက မင်းမဲ့စရိုက်ဆန်သွားပြီ

တကယ်တော့ ဒလန်ဆိုတာ
ဘယ် သတင်းဌာန ကလွှတ်ပြီး သတင်း
ယူတာလည်း။

ဘယ်အဖွဲ့က လွှတ်တာလည်း။

တစ်ရွာတည်းနေ တစ်ရေတည်း
သောက်ကြပြီး အမြင်မတူတာနဲ့ Nld ပဒက်က
ဒလန်ဆိုပြီး အသတ်ခံရသော
ပြည်သူတွေ အရမ်းများခဲ့ပါပြီ။

NUG ဆိုတာလည်း Nld တွေပဲ
ပဒက်ဆိုတာကလည်း Nldထောက်ခံသူ
လူတစ်စု ပါ။

လက်ရှိ NUG နဲ့ပဒက်တွေ ကျူးလွန်
သော အကြမ်းဖက်မှုအားသည်
Nld ပါတီရဲ့ မူဝါဒ ကြောင့် ကျူးလွန်
နေကြတာ ငြင်းမယ်ဆိုရင် အထောက်
အထား ရှိပါတယ်။

တကယ်တော့ စစ်ရေးကိစ္စ ဆောင်ရွက်
မယ်ဆိုရင် စစ်သတင်းကို မပေါက်ကြားအောင်
ထိန်းသိမ်းရမှာက အဲ့ဒီ လက်နက်ကိုင်
အဖွဲ့ရဲ့တာဝန်သာ ဖြစ်ပါတယ်။

ပြည်သူက တော့ ဟိုဘက် ဒီဘက်
ကြောက်ကြရတာပါ။ လက်နက်မရှိတဲ့
လူတစ်ယောက် ကို လက်နက်ကိုင်ထားတဲ့
အဖွဲ့တွေက မေးရင် ဘယ်ဘက်က မေးမေး
ပြည်သူတွေက ဖြေကြရမှာပါ။

ပြည်သူမှာ လက်နက်မှ မရှိတာ။

ဒါကို ဒလန်ဆိုပြီး အကြောင်းမဲ့ ပြည်သူကို
သတ်တယ် လူလည်ကောင်မှာသတ်တယ်
ဆိုတာကတော့ ဒါက မင်းမဲ့စရိုက်ဆန်
သွားပြီ။

Is ထက်ဆိုးသော အကြမ်းဖက် လုပ်ရပ်တွေကို
Nld ပဒက်တွေ ကျူးလွန်နေကြတာပါ။

မိမိသတင်း မိမိ နိုင်အောင် မထိန်းနိုင်ပဲ
အပြစ်မဲ့ ပြည်သူကို ဒလန် သူလျှို ဆိုပြီး
သတ်ဖြတ်နေတာကတော့ လုံးဝ မဖြစ်သင့်ပါဘူး။

Post a Comment

Previous Post Next Post