"မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးအတွက် သံအမတ်အသစ် မလွှတ်တော့ဘဲ သံတမန်ဆက်ဆံရေး လျှော့ချမည်ဟု အမေရိကန်ဆို"


မြန်မာနိုင်ငံမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သံအမတ် သောမက်စ်ဗိုင်ဒါ ဟာ ယခုလနှောင်းပိုင်းမှာ နေရပ်ကိုပြန်ရတော့မှာဖြစ်ပြီး ၎င်းရဲ့နေရာကိုဆက်ခံမယ့် သံအမတ်အသစ်ကို စေလွှတ်ခြင်းမပြုဖို့ ဝါရှင်တန်က ဆုံးဖြတ်ထားကြောင်း Nikkei Asia သတင်းမှာ ဖော်ပြခဲ့ပါတယ်။

၎င်းသံအမတ်ထွက်ခွာသွားတဲ့အခါ လက်ရှိ လက်ထောက်သံမှူးဖြစ်တဲ့ ဒဲဘရိုလင်က အမေရိကန်သံရုံးမှာ ယာယီသံမှူးအဖြစ်တာဝန်တွေကို လွှဲယူသွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကလည်း အလားတူ သံတမန်ဆက်ဆံရေး လျှော့ချသွားဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေအရ သိရပါတယ်။
#mhtnews

Post a Comment

Previous Post Next Post