ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းကိစ္စများအ ပေါ် ဦးဝင်းမြင့်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ခံပြသက်သေအဖြစ် ဒုတိယသမ္မတ ဟောင်း ဦးဟင်နရီဗန်ထီးယူအား စစ် ဆေး

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့အ ပေါ် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပ ဒေများဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ခံပြသက်သေအဖြစ် တင်ပြထားသည့် ဒုတိယသမ္မတ ဟောင်း ဦးဟင်နရီဗန်ထီးယူအား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရ သည်။
နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် ဒီဇင်ဘာ ၁၂ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတ ဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ် အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ် ဆေးခဲ့ ကြောင်း သိရသည်။
ယင်းရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့အ ပေါ် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပ ဒေဖြင့် စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှု အမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ် ငှားရမ်းခြင်းနှင့် ဝယ်ယူခြင်း ဆိုင်ရာကိစ္စရပ်များအတွက် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈ တို့အတွက် ဒုတိယသမ္မတ ဟောင်း ဦးဟင်နရီဗန်ထီးယူအား စစ် ဆေးခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဒုတိယသမ္မတ ဟောင်း ဦးဟင်နရီဗန်ထီးယူ၏ ထွက်ဆိုချက်များတွင် ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့် ဝယ်ယူခြင်းတို့သည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာကိစ္စများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟု ထည့်သွင်းထွက်ဆိုသွား ကြောင်း အမှုနှင့်ပတ်သက်၍ ထွက် ပေါ်လာသည့် သတင်းများအရ သိရသည်။
ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အ ပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ခံပြသက် သေ ငါးဦးခန့်တင်ပြထားပြီး မနက်ဖြန်( ဒီဇင်ဘာ ၁၃ ရက်)ရုံးချိန်းတွင် စစ် ဆေးရန်ကျန်ရှိ နေသည့် ခံပြသက်သေများကို ဆက်လက်စစ် ဆေးမည်ဖြစ် ကြောင်း သိရသည်။
အထက်ပါအမှုများသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင် ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးများနစ်နာဆုံးရှုံးခဲ့ရခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စင်း ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေ ကြေး ပေးချေမှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စင်း ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှသုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေသည့် စွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့် တရားစွဲဆိုထားခြင်းဖြစ် ကြောင်း သိရသည်

Post a Comment

Previous Post Next Post